တစ်နေ့တာလိုအပ်သော အာဟာရများ...

photo:google

Health Updates Journal Vol.2, No.38

(၁) ပိုတက်ဆီယမ် 
တစ်နေ့တာလိုအပ်ချက်- ၄.၆ ဂရမ် 
ငှက်ပျောသီးတစ်လုံးတွင် ပါဝင်သော ပိုတက်ဆီယမ် – ၀.၄ ဂရမ်
အကျိုးကျေးဇူး – သွေးပေါင်ပုံမှန်ဖြစ်စေရန် ထိန်းပေးသည်။ သားသမီး ထွန်းကားစေရန် အထောက်အ ကူဖြစ်စေပြီး ကြွက်သားနှင့် နဗ်ကြောစွမ်းရည်တိုးတက်စေသည်။ ငှက်ပျောသီး၊ နို့၊ အာလူး၊ ထောပတ်သီး တို့တွင် ပေါများစွာပါဝင်သည်။


(၂) မဂ္ဂနီဆီယမ်
တစ်နေ့တာလိုအပ်ချက် – ၄၀၀ မီလီ ဂရမ်
မက်မွန်သီး တစ်အောင်စတွင်ပါဝင်သော မဂ္ဂနီဆီယမ်ပမာဏ – ၈၀ မီလီဂရမ်
မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ခြင်း သည် အရိုးပါးရောဂါ (osteoporosis) ၊ဆီးချိုရောဂါ၊ သွေးတိုးရောဂါ များ၊ ကြွက်တက်သည့်ပြဿနာ များနှင့် ဆက်စပ်လျက်ရှိသည်။ ဟင်းနုနွယ်၊ ပဲမျိုးစုံနှင့် အခွံမာသီးအစေ့ များတွင် ပေါများစွာပါဝင်သည်။

(၃) ဗိုက်တာမင်အေ
တစ်နေ့တာလိုအပ်ချက် – ၅၀၀ IU
မုန်လာဥနီဆယ်လုံးတွင် ပါဝင်သော ဗိုက်တာမင်အေပမာဏ – ၁၃၈၀၀ IU
အမြင်အာရုံ၊ ကိုယ်ခံအားနှင့် တစ်ရှူးကြီးထွားခြင်းကို အထောက်အပံ့ဖြစ်စေသည်။ အာလူး၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီများတွင် အဓိက ပါဝင်သည်။

(၄) ကယ်လ်ဆီယမ်
တစ်နေ့တာလိုအပ်ချက် – ၁၀၀၀ မီလီဂရမ်
နို့ရှစ်အောင်စတွင် ပါဝင်သော ကယ်လ်ဆီယမ်ပမာဏ – ၂၉၉ မီလီဂရမ်
သွားနှင့်အရိုးများကိုခိုင်မာစေသည်။ ကြွက်သားလုပ်ငန်းကောင်းမွန်စေပြီး နှလုံးခုန်နှုန်းနှင့်သွေးဖိအား ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးသည်။ နို့ထွက်ပစ္စည်း၊ ဆာမွန်ငါး၊ ကိုက်လန် ရွက်၊ ပန်းဂေါ်ဖီတို့တွင် အဓိကပါဝင်သည်။

သီဟ
Source:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...