ထောပတ်မှို စားသုံးပေးခြင်းက ဗီတာမင်ဒီကို ရရှိစေနိုင်

Vol.2, No.37

နေ့စဉ် button mushroom လို့ခေါ်တဲ့ ထောပတ်မှိုကို သုံးလုံးက နေ လေးလုံးစားသုံးပေးခြင်းဟာ လူ တစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို ဖြည့်စွက်ပေး နိုင်တယ်လို့ သြစတြေးလျ သိပ္ပံ ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ ပါတယ်။

ဆစ်ဒနီဆေးတက္ကသိုလ်၊ ဇီဝကမ္မ ဗေဒဌာနမှ ပါမောက္ခ Dr. Rebecca Mason နဲ့ အဖွဲ့ဟာ ထောပတ်မှိုဟာ နေမှရတဲ့ ဗီတာမင်ဒီကို အလင်းဖွဲ့ စည်းအစာချက်လုပ်ခြင်းအားဖြင့် သို လှောင်ထားနိုင်ပြီး လူသားတွေရဲ့ ဗီတာမင်ဒီ လိုအပ် ချက်ကွက်လပ်ကို ဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိ ခဲ့ပါတယ်။

Dr Mason က ထောပတ်မှိုဟာ ဆောင်းတွင်းကာလမှာတောင် နည်း ပါးလှတဲ့ နေရောင်ခြည်ကနေ ဗီတာ မင်ဒီကို ရယူနိုင်ကြောင်း၊ ဗီတာမင် ဒီအပြင် ကယ်လစီယမ်၊ ဗီတာမင်အေ နဲ့ စီလည်း ကြယ်ဝစွာပါဝင်နေကြောင်း၊ အစာအဆိပ်သင့်မှု အနည်းပါးဆုံးမှို အမျိုးအစားတစ်မျိုးဖြစ်ကြောင်းနဲ့ နေ့စဉ်မှိုသုံးလုံးကနေ လေးလုံးအထိ စားသုံးပေးရင် ဗီတာမင်ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်။

ဒီလေ့လာမှုကို Journal of Nutrition and Diet မှာဖော်ပြထား တာဖြစ်ပါတယ်။

ငြိမ်းအေး
Ref: ANI
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...