ဂျပန်အစိုးရက ကျေးရွာနှစ်ရွာတွင် စာသင်ဆောင်ဆောက်ပေးမည်
မြန်မာနိုင်ငံရှိ ကျေးလက်ဒေသကျေးရွာနှစ်ရွာတွင် စာသင်ဆောင်သစ်ဆောက်လုပ်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာနှစ်သိန်းနီးပါးထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း သံရုံးကသတင်း ထုတ်ပြန်သည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာရှိ အလယ်တန်းကျောင်းခွဲအတွက် အမေရိ ကန်ဒေါ်လာတစ်သိန်းကျော်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မျိုးခင်သာကျေးရွာရှိ ရတနာ သိင်္ခဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်းအတွက် အမေရိကန်ဒေါ်လာကိုးသောင်း ကျော် ထောက်ပံ့ကူညီမည်ဖြစ်သည်။
စာသင်ကျောင်းများသည် ကျောင်းသားများအတွက် လုံလောက်သော သင်ကြား၊ သင်ယူမှုပတ်ဝန်း ကျင် မရှိခြင်းကြောင့် သက်ဆိုင်ရာကျောင်းကော်မတီများက စာသင်ဆောင်သစ်တည်ဆောက်ရန် ဘဏ္ဍာရေးထောက်ပံ့မှု ရှာဖွေနေခြင်းဖြစ်သည်။
စာသင်ဆောင်သစ်နှစ်ခု တည်ဆောက်ပြီးပါက ကျောင်းသား ၁,၃၀၀ ကျော်အနေဖြင့် ပိုမိုကောင်းမွန် သော သင်ယူမှုနှင့် ကျန်းမာသန့်ရှင်သောပတ်ဝန်းကျင်တွင် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်အစိုးရသည် ၁၉၉၈ ခုနှစ်မှစ၍ နှစ်ပေါင်း ၁၅ နှစ်အတွင်း မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများ တွင် စာသင်ကျောင်းပေါင်း ၂၇၁ ကျောင်းဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း ဂျပန်သံရုံးက ကြေ ညာထားသည်။
7Day News Journal
Vol.12, No.32, October 16, 2013