လေ့ကျင့်ခန်းလုပ်ပြီးမှ သောက်သင့်သောဆေးများ


photo:google

ဆေးသောက်ပြီးမှ လေ့ကျင့်ခန်းလုပ်တာက မှန်ကန်တဲ့ လုပ်ဆောင်မှုတော့မဟုတ်ပါဘူး သောက်သုံးနေ တဲ့ဆေးဝါးတွေကို ဆေးသောက်ချိန် အတိုင်း အတိအကျလိုက်နာသောက် သုံးဖို့မေ့လျော့နေလို့လေ့ ကျင့်ခန်း လုပ်ခါနီးမှ သတိရပြီး သောက်တာမျိုးကို ရှောင်ပါ အထူးသဖြင့် အောက်ပါဆေးလေးမျိုးက လေ့ကျင့်ခန်းမလုပ်ခင်သောက် မထားသင့်ပါဘူး။

(၁)ဘီတာဘလော့ကာ

သွေးတိုးရောဂါအတွက် ဆရာဝန်တွေ ညွန်းလေ့ရှိပြီး မျက်စိရေတိမ် ခေါင်းတစ်ခြမ်းကိုက်နဲ့ နှလုံးရောဂါတစ်ချို့ အခြေအနေတွေမှာလည်း ညွန်းလေ့ ရှိတတ်ကြပါတယ်။

ဆေးနှင့်လေ့ကျင့်ခန်း
ဘီတာဘလော့ကာဆေးတွေက နှလုံးခုန်နှုန်းကိုနှေးစေပြီးလေ့ကျင့်ခန်းလုပ်တာက နှလုံးခုန်နှုန်း ကိုမြန်စေတာကြောင့် ဘီတာဘာလော့ကာ ဆေးသောက် ပြီးလေ့ကျင့်ခန်းလုပ်ပါက ခန္တာကိုယ်က နှလုံးခုန်နှေးတာနဲ့မြန်တာကို ဘယ်အရာလိုက်နာရမလဲ မသိတော့ဘဲ ရှုပ်ထွေးမှုဖြစ်လာကာ ခဏလောက် လှုပ်ရှားပြီးတာနဲ့ နုံးချည်လာနိုင်ပါတယ်။

ဘာလုပ်ရမလဲ
ဘီတာဘာလော့ကာ ဆေးသောက်နေစဉ်မှာ လေ့ကျင့်ခန်းဘယ်လိုလုပ်သင့် သလဲဆိုတာ ဆရာဝန်ဆီ က အကြံဥာဏ်ရယူပါ။

(၂)အကိုက်အခဲပျောက်ဆေး

ပါရာစီတမော၊ အက်စပရင်၊ အိုင်ဗျူပရိုဖန်  စတဲ့ဆေးတွေကို အကိုက်အခဲနဲ့ရောင်ရမ်းမှုဖြစ်စဉ်တွေမှာ သက်သာပျောက်ကင်းစေဖို့ အသုံးပြုပါတယ်။

ဆေးနှင့်လေ့ကျင့်ခန်း
နာကျင်မှုဆိုတာ တစ်သျူးတွေထိခိုက်မှုကို သိစေတဲ့ လက္ခဏာတစ်ရပ်ပါ အကိုက်အခဲပျောက်ဆေးတွေ က နာကျင်မှုတွေကို ပျောက်ကင်းအောင် လုပ်ထားတာကြောင့် တစ်သျူးတွေထိခိုက် မှုဖြစ်ပေမယ့် ခန္တာကိုယ်က မသိတာမျိုးဖြစ်တတ်ပါတယ် စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေက ခန္တာကိုယ်ထဲမှာ ရေဆွဲထားတာကြောင့် နှလုံး၊ကျောက်ကပ်ကို ၀န်ပိစေပါတယ်။

ဘာလုပ်ရမလဲ
လေ့ကျင့်ခန်းမလုပ်ခင် အကိုက်အခဲပျောက်ဆေး ကြိုသောက်ထားတာမျိုး မလုပ်ပါနဲ့။ လေ့ကျင့်ခန်း လုပ်ရင်းနဲ့မှကြွက်သားနာတာ၊ထိခိုက်မှုဖြစ်တာ စတာတွေရှိခဲ့ရင် အကိုက်အခဲပျောက်ဆေးလိမ်းတာ၊သောက်တာတွေ လုပ်ပါ။ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသောက်တာမျိုး မလုပ်ပါနဲ့။

(၃)စိတ်ကျရောဂါကုသဆေး

ဦးနှောက်ထဲက ဒြပ်ပေါင်းတွေကို ညှိပြီးစိတ်ခံစားမှုကောင်းအောင်၊ တည်ငြမ်အောင် လုပ်ဆောင်ပါ တယ်။ အိပ်စက်မှုဆိုင်ရာ အခက်အခဲတွေကို ကုသရာမှာလည်း အသုံးပြုပါတယ်။ နုံးချည့်တာ၊အိပ်ချင်ငိုက်မျည်းတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။

ဆေးနှင့်လေ့ကျင့်ခန်း
စိတ်ကျရောဂါ ကုသဆေးအများစုရဲ့ ဘေးထွက်ဆိုးကျိုးက ကိုယ်အလေးချိန် တက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္တာကိုယ်ရောစိတ်ကိုပါ ခံစားမှုတွေကောင်းမွန်စေတာကို လေ့လာမှုတွေမှာ တွေ့ရှိ ထားပါတယ်။

ဘာလုပ်ရမလဲ
စိတ်ကျရောဂါကုသဆေးတွေက အလွန်အမင်း အိပ်ချင်ငိုက်မျဉ်းစေတယ်ဆိုရင် အစားထိုးနိုင်တဲ့ တစ်ခြားနည်းလမ်းတစ်ခုခုကို ဆရာဝန်နဲ့တိုင်ပင်ပြီး ပြောင်းလဲဖို့ကြိုးစားပါ။

(၄)ဟစ္စတာမင်းတားဆေး

ဟစ္စတာမင်းတားဆေး တွေရဲ့ဘေးထွက်ဆိုးကျိုးက အလွန်အမင်းအိပ်ချင် ငိုက်မျဉ်းစေတာပါ။ ပန်းဝတ်မှုန်၊ အမှုန်အမွှား၊ တိရစ္ဆာန်အညစ်အကြေး၊ အမွှေးအမျှင်စတာတွေနဲ့ ဓာတ်မတည့်မှုဖြစ်ရင် ဟစ္စတာမင်းဓာတ်တွေ ထွက်လာပါတယ်။ ဟစ္စတာမင်းတားဆေးက ဟစ္စတာမင်းကိုတားပေးပြီး
ဓာတ်မတည့်တာကို သက်သာစေပါတယ်။

ဆေးနှင့်လေ့ကျင့်ခန်း
ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် အိပ်ချင်ငိုက်မျဉ်းပြီး လေ့ကျင့်ခန်းလုပ်ရာမှာ ထိခိုက်နိုင်ခြေများ ပါတယ်။

ဘာလုပ်ရမလဲ
ဆေးသောက်ချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်ကို သီးခြားစီခွဲခြားထားဖို့ လိုပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...