နန်းခင်ဇေယျာနဲ့ နိုင်ငံတကာ မယ်အဖွဲ့ ပုဂံဒေသကို ခရီးဆက်
မနှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International ပြိုင်ပွဲမှာ Miss Internet ဆုရခဲ့တဲ့ နန်းခင်ဇေယျာ ဟာ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာက Miss International တွေကို အခုရက်ပိုင်း ရန်ကုန်မှာ လိုက်လံ ရှင်းလင်းပြသရတဲ့ တိုးရစ်ဂိုက် တာဝန် ယူနေပါတယ်။

ဓာတ်ပုံများ- နန်းခင်ဇေယျာ
ဒီကနေ့ မနက်ကတော့ နန်းခင်ဇေယျာ ဦးဆောင်တဲ့ မယ်တွေဟာ မြန်မာ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ ပုဂံ ဒေသဆီကို ထွက်ခွာသွားပါပြီ။
Bye Yangon . See you soon Bagan fans! လို့ နန်းခင်ဇေယျာက ဆိုထားပါတယ်။

ရန်ကုန်မှာ သူတို့ အဖွဲ့ ရှိစဉ်မှာ မြန်မာ့လူမှုဘ၀တွေကို လေ့လာခဲ့ကြသလို တင်ဆက်မှုတချို့လည်း လုပ်ဆောင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့တခွင် အလှမယ်တွေရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်ကတဆင့် အသိပေး ဖော်ပြထားချက်တချို့ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

နန်းခင်ဇေယျာ၊ နိုင်ငံတကာ မယ်တချို့နဲ့ ရန်ကုန်ကို ရောက်နေတဲ့ နာမည်ကြီးထိုင်းအဆိုတော် ကာရာဘောင်း

Irrawaddy Blog