ဆံပင်ကျွတ်ခြင်းကို ကုသပေးမယ့် လေဆာဦးထုပ်

October 14, 2013

Health Updates Journal No. 87

အနီရောင်လေဆာကို ဦးရေပြားအပေါ်တွင်ပစ်ပြီး ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်မယ့် Laser-firing Helmet ကို တီထွင်နိုင်ခဲ့တယ် လို့ အင်္ဂလန်နိုင်ငံမှာမိတ်ဆက်ခဲ့ပါ တယ်။ အဲဒီဦးထုပ်ကို i Grow Hair Growth System လို့ခေါ်ဆိုပြီး ဆံပင်ပြန်ပေါက်နှုန်းကို ၃၅%ကနေ ၄၀%ထိ မြှင့်တင်ပေးနိုင်မယ်လို့ တီထွင်သူတွေက ပြောကြားထားပါတယ်။

ဒီလေဆာဦးထုပ်ဟာ ကျန်းမာတဲ့ဆံပင်တွေကိုလည်း ထိန်းသိမ်းထားနိုင်ပြီး ရှိရင်းစွဲ ဆံပင်တွေရဲ့ဆံလုံးကိုထူစေခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်းစတဲ့ အကျိုး ရလဒ်တွေ ခံစားရမှာဖြစ်ပါတယ်။ ဒီလေ့လာမှုမှာတော့ အမျိုးသားတွေ ရဲ့ ဆံပင်ပြန်ပေါက်စေဖို့အာမခံခဲ့ပြီး အမျိုးသမီးတွေအတွက်တော့ ဆက်လက် လေ့လာနေပါတယ်။

လေဆာဦးထုပ်ဟာ low Level red laser ၅၁ခုကို သုံးစွဲထားပြီး ပါဝင်တဲ့ LEDမီးလုံးလေးတွေကလည်း ဆံပင်ခြေက ဆံဥလေးများကို သန်စွမ်းစေပါတယ်။ ဒီထုတ်ကုန်ကို Apira Scienceက ထုတ်လုပ်တာဖြစ်ပြီး ဦးထုပ်မှာ သီချင်းနားဆင်နိုင်တဲ့ နားကျပ်လည်း တစ်ပါတည်း ပါဝင်တာကြောင့် ဆောင်းထားစဉ်မှာ ဖျော်ဖြေရေးကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခါအသုံးပြုရင် ၂၅မိနစ်ခေါင်းမှာ ၀တ်ထားရမှာ ဖြစ်ပြီး ထိပ်ပြောင်တဲ့ အမျိုးသားတွေ အတွက်တော့ သတင်းကောင်းပဲဖြစ်ပါတယ်။ ခြောက်ပတ်ကနေ ရှစ်ပတ် အတွင်း သိသိသာသာ အကျိုးရလဒ် ကိုခံစားရမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် အရေပြားအထူးကုဆရာဝန်တစ်ဦးဖြစ်သူ Dr.Lorrie Klein က ပြောကြားထားပါတယ်။

ဒီဦးထုပ်ကို အသုံးပြုပြီး လ အနည်းငယ်အကြာမှာ ဆံပင်ပိုပြီး အုံထူလာခြင်း၊ ကျန်းမာသန်စွမ်းလာခြင်းတွေကို ခံစားရမှာဖြစ်ပြီး ကိုးလအကြာမှာတော့ အမြင့်မားဆုံး အာနိသင်ကိုရမှာပါ။ ဆက်လက်သုံးစွဲရင်လည်း ဆံပင်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်လို့ ယင်းကဆက်လက် ရှင်းပြထားပါတယ်။

ဒီတီထွင်မှု Lasers in Surgery and Medicine မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
ref.PTI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...