မွေးဖွားကာစ ကလေးရဲ့ရနံက မိခင်ဖြစ်သူရဲ့ဦးနှောက်ကို အလွန်သံယောဇဉ် ခိုင်မာအောင်လှုပ်ဆော်ကြောင်း လေ့လာချက်တွေအရ တွေ့ရှိချက်

ကနေဒါ နိင်ငံ Motreal သိပ္ပံပညာ တက္ကသိုလ်ရဲ့ လေ့လာမူအသစ်တစ်ရပ်အရ မိခင်နှင့်ကလေးကြား ဆက်သွယ်မူပေါင်းကူး တစ်ခုအနေနှင့် ကလေးတွေရဲ့ရနံ ကြောင့် ပိုပြီး ရင်နှီး ချစ်ခင်စေကြောင်း ကို တွေ့ရှိခဲ့ရပါတယ်။
မွေးကာစ ကလေးရနံဟာ မိခင်တွေ အတွက်ကတော့ ကြားလေ မသွေးနိင်အောင် လှုပ်ဆော်ပေးပြီး အင်အားပြည်ဝတဲ့ ခံစားမူတစ်မျိုး ဖြစ်ကာ နွေးထွေးတဲ့ အသိကို ပေးစွမ်းပါတယ်။ ကလေးမွေး ဖွားပြီး လို့ အချို့ မိခင်တွေဟာ လုပ်ငန်းခွင်ပြန်ဝင်တဲ့ အချိန် မှာတောင် ဒီခံစားမူကို ပြန်ခံစားမိစေပြီး သူမ ဘယ်ပဲသွားသွား သူမရဲ့ အတွေးထဲမှာ ကလေးကို သတိရ တမ်း တနေစေပါတယ်။
မိခင်တွေ အတွက် ကိုယ်ကလေး ရဲ့ ရနံက ဘာနှင့်တူ သလဲ ဆိုတာ မပြောပြနိင်ပေမဲ့ သူမရဲ့ အသိတွေထဲမှာ လွှမ်းမိုးတံဆိပ်ခတ်ကာ သူမ ကို ပျော်ရွှင်မူတွေ၊ အပန်းဖြေမူတွေ၊ ပင်ပန်းမူကို ပြေပျောက်စေတဲ့ ခံစားမူတွေ ဖြစ်စေပါတယ်။
အခြားအစွမ်းထက်တဲ့ အားဆေး တစ်ခုကို မှီဝဲ နေရသလိုပါပဲ။
ဒါကြောင့် အမျိုးသားတွေအနေနှင့် ဒီအချက်ကို နားလည်မူတစ်ခုအရ သိရှိထားကာ တကယ်လို့ မိမိ ဇနီးနှင့် ပြသနာတစ်စုံတစ်ရာ ရှိခဲ့ရင်တောင်မှ ကလေးမွေးပြီးစ မိခင်တွေ. ကို နာကျင်စေကာ ကလေးကိုချစ်စိတ်ဖြင့် မိခင်အဝေးကို ခေါ်မသွားရန်လိုအပ်ပါတယ်။ အကြောင်းက အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲ မှာ ဌင်းတို့ကလေးရဲ့ ရနံက တကယ်ပဲ သူတို့ကို ပျော်ရွှင်စေကာ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့နှလုံးသား၊ သူတို့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။
ပျော်ရွှင်တဲ့မိသားစု ဘ၀များပိုင်ဆိုင်နိင်ကြပါစေ။
Aung Heine (MM Social Sky)
- (အရှေ့သို့) တန်ဖိုးရှိသော လက်တစုံ ဖြစ်ကြရအောင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ကမ္ဘာ့အဆိပ်ပြင်းဆုံးငါးက ဂျပန်တို့အတွက် အစားအစာ ဖြစ်နေ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း