ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်လျှင်


photo:google

ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်မယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်ကိုသာမက ဗိုက်ထဲက သန္ဓေသားလေးကိုပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်အတောအတွင်း ဆေးလိပ်သောက်မယ် ဆိုရင် ဗိုက်ထဲက သန္ဓေသားလေးဟာ နီကိုတင်း၊ ကာဗွန်မိုနော့ဆိုက်နဲ့ tar ဆိုတဲ့ အန္တရာယ်ကြီးမားတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နိုင်ခြေများပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ဗိုက်ထဲက ကလေးငယ်ရရှိနိုင်တဲ့ အောက်ဆီဂျင်ပမာဏကို လျော့နည်းသွားစေပါတယ်။ ဗိုက်ထဲက သန္ဓေသားလေး ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အောက်ဆီဂျင်က အလွန်အရေးပါပါတယ်။ သင်ဆေးလိပ်သောက်တာကြောင့် ကလေးငယ်ရဲ့ အဆုတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်ခြင်းဖြင့် ဖြစ်ပေါ်တတ်သော အန္တရာယ်များ
ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်ပါက ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- စပျစ်သီး သန္ဓေတည်ခြင်း၊

- မိန်းမကိုယ်မှ သွေးဆင်းခြင်း၊

- အချင်းကွာကျခြင်း၊

- သားအိမ်အ၀ကို ဖုံးအုပ်ထားတဲ့အချင်းဟာ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အားလုံး အောက်ပိုင်းကို နေရာလွဲကျဆင်းခြင်း၊

- ကလေးအသေမွေးခြင်း၊

ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်တဲ့အတွက် ကလေးမွေးတဲ့အခါ ကလေးငယ်မှာ နူတ်ခမ်းကွဲ၊ အာခေါင်ကွဲတာမျိုးလို မွေးရာပါ ချို့ယွင်းချက်ပါလာတာမျိုး၊ လမစေ့ကလေးမွေးဖွားတာမျိုး၊ ပေါင်မပြည့် ကလေးမွေးတာမျိုး စတာတွေ ဖြစ်တတ်ပါတယ်။

တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဖြစ်တတ်သော အန္တရာယ်များ
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် အိမ်ရှိ ခင်ပွန်း ဒါမှမဟုတ် အိမ်သားတစ်ဦးသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရိုက်ရပါက ပေါင်မပြည့်တဲ့ ကမွေးဖွားနိုင်ခြေများပါတယ်။ ဒါ့အပြင် မွေးလာတဲ့ ကလေးငယ်မှာ လေ့လာသင်ယူနိုင်စွမ်းနည်းတာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာရှိတာ၊ ဦးနှောက်ပိုင်းဆိုင်ရာ ဝေဒနာတဲ့ ဘ၀တစ်သက်တာ မသန်စွမ်းမူတွေလည်း ဖြစ်တတ်ပါတယ်။ မွေးလာတဲ့ ကလေးငယ်မှာ ဆေးလိပ်ငွေ့ရှူရိုက်ရတာကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ...

- ရင်ကျပ်ပန်းနာ၊ လေပြွန်ရောင်ရမ်းနာ၊ နမိုးနီးယား အဆုတ်အအေးမိခြင်း၊ နားတွင်း ကူးစက်ပိုးဝင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များပါတယ်။

- အဆုတ်ရဲ့ ဖွံ့ဖြိုးမူကို နှေးကွေးစေပါတယ်။

ဆေးလိပ်ဖြတ်သင့်ပါပြီ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ကို မြန်မြန်ဖြတ်နိုင်လေလေ၊ သင်ရော သင့်ကလေးပါ ကျန်းမာရေး ပိုမိုကောင်းမွန်လေလေ ဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင် ကတည်းက ဆေးလိပ်ကို ဖြတ်သင့်တာပါ။ ကိုယ်ဝန်ဆောင်မယ်လို့ စတင်အစီအစဉ် ချလိုက်တာနဲ့ သင့်ကလေးကို ငဲ့ညှာပြီး ဆေးလိပ်ကို လုံးဝမသောက်ပါနဲ့တော့။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အောက်ပါတို့ကို ချက်ချင်းခံစားရမှာပါ။

- သွားတွေ ဖြူစင်လာပါမယ်

- အသက်ရှူရတဲ့လေတွေ သန့်စဉ်လာပါမယ်

- ပါးရေတွန့်နူန်း နည်းလာပါမယ်

- ပိုပြီး တက်ကြွကာ သန်စွမ်းကျန်းမာလာပါမယ်

ဆေးလိပ်ဖြတ်နေချိန်မှာ
- ဆေးလိပ်ဖြတ်ရတဲ့အကြောင်းရင်းကို ချရေးပါ။ ဒါဟာ သင့်ရဲ့ဆေးလိပ် ဖြတ်ချင်စိတ်ကို ပိုမိုခိုင်မာစေပါတယ်။

- ရေများများသောက်ပါ။

- ဆေးလိပ်ဖြတ်မယ့်နေ့ကို သတ်မှတ်ပါ။ ဖြည်းဖြည်းချင်းဖြတ်သွားမယ်ဆိုရင် ဘယ်တော့မှပြတ်မှာ မဟုတ်ပါဘူး။ စိတ်ကို ခိုင်မာတဲ့ ဆံးဖြတ်ချက်ချပြီး ဆေးလိပ်ဖြတ်လိုက်ပါ။

- ဆေးလိပ်သောက်လို့ရတဲ့ နေရာတွေနဲ့ ဆေးလိပ်သောက်တတ်တဲ့သူတွေနဲ့ ဝေးဝေးမှာနေပါ။

- ဆေးလိပ်သောက်ချစ်စိတ်ပေါ်နေချိန်မှာ လမ်းလျှောက်ခြင်း၊ တောက်တိုမယ်ရလုပ်ခြင်း စတဲ့ လူပ်ရှားမူတွေနဲ့ အာရုံလွှဲပေးပါ။

- ခံတွင်းချဉ်နေရင် ဟင်းသီးဟင်းရွက် အစိမ်းလိုက်ကို ၀ါးစားပေးပါ။ ဒါမှမဟုတ် သကြားမပါတဲ့ ပီကေကို ၀ါးပေးပါ။

- ဆေးလိပ်အစား အရက်ပြောင်းသောက်မယ်ဆိုတဲ့ အတွေးကို မောင်းထုတ်ပါ။

- ဘာဆေးပဲဖြတ်ဖြတ်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးသောက်ပါ။

 (ဇွန်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...