မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုကို အားပေးတဲ့ ယောဂကျင့်စဉ်

ယခုတစ်ပတ် ယောဂကျင်.စဉ် ကဏ္ဍမှာတော.မျက်နှာနှင်.ခန္ဓာကိုယ် တစ်ခုလုံးသွေးလည်ပတ်မှုကို အားပေးတဲ့ယောဂကျင်.စဉ်ကို ဖော်ပြလိုက်ပါတယ်။

ပြုလုပ်နည်း



အဆင်.(၁) -ဒူးထောက် ထိုင်ပါ။ဒူးခေါင်းတစ်ဖက်စီပေါ်တွင်တင်ထားပါ(ပုံ-၁)

အဆင်.(၂)-အသက်ကိုရှူသွင်းလိုက်ပါ။ထို.နောက်ရှူထုတ်ပြီး အသက်ကို အောင်.နိုင်သမျှအောင်.ထားပါ။

အဆင်.(၃)-ဒူးခေါင်းများပေါ်တွင်တင်ထားသောလက်ချောင်းများကို အပေါ်သို့ကော့၍ဆန့်ထုထ်လိုက်ပါ။ (ပုံ ၂) တစ်ချိန်တည်းမှာပင် ဦးခေါင်းကိုအဆုံးထိငုံ့နိုင်သမျှငုံ့ပါ။

 
 
(ပုံ-၃)လျှာကိုအဆုံးထိ ထုတ်လိုက်ပါ။ မျက်လုံးများကိုလည်းအပေါ်သို.လှန်၍ကြည့်လိုက်ပါ။ (ပုံ-၄)
ထိုပုံစံအတိုင်း အသက်ကိုအောင်.နိုင်သမျှအောင်.ထားပါ။


အဆင်.(၄)-ထို.နောက် ခန္ဓာကိုယ်ကို မူလအနေအထားအတိုင်း ပြန်၍နေပါ။

အကြံပြုချက်

-အသက်ကို၀၀ရှူသွင်းပြီး ၀၀ရှူထုတ် ၍အသက်အောင့်နိုင်သမျှအောင့်ပါ။

-လက်ချာင်းများဆန်.ထုတ်ခြင်း၊ဦးခေါင်းငုံ့ခြင်း၊လျှာထုတ်ခြင်းတို့ကိုတစ်ပြိုင်နက်ထဲ ပြုလုပ်ပါ။

အကျိုးကျေးဇူး

-မျက်နှာနှင့်ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးလည်ပတ်မှုအားကောင်းစေသည်။

-အာရုံကြောများ ၊ကလာပ်စည်းများကို နိုးကြားစေသည်။

သရုပ်ပြ-နန်းဆုကေဆွမ်

Health Digest Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...