ဆံပင်သန်ဖို့ ထိရောက်သည့်စောင်းလျားသီး



ဗီတာမင်စီ
စောင်းလျားသီးတွင် ကြယ်ဝစွာပါဝင်သည့်ဗီတာမင် C သည် အအေးမိခြင်းကို ကြိုတင်ကာကွယ်ရုံမျှမက ကျန်းမာစိုပြည်သောအသားအရေ နှင့် Collagen ကို ရရှိစေရန်အထောက်အကူပေးသည်။ ယင်းတွင် ပါဝင်သောအာဟာရဓာတ်က ဆံပင်ကျွတ်ခြင်းကို ထိန်းသိမ်းပေးနိုင်သည့်အပြင် ခန္ဓာကိုယ်အတွက်လည်း ကောင်းကျိုးကို ဖြစ်စေသည်။

B အုပ်စုဗီတာမင်များ
thiamin, riboflavan နှင့် niacin စသည့်ဗီတာမင် များ အချိုးကျပါဝင်ပြီး ဤဗီတာမင် အားလုံးက အစာချေဖျက်မှုကို ပေးသည်။ ဆံပင်မွေးညှင်းပေါက် များကိုလည်းအားဖြစ်စေပြီး ဆံပင်ကိုရှည်လွယ်၍ သန်စေသည်။

အထွေထွေကျန်းမာရေး
ယင်းတွင်ဗီတာမင် A နှင့် B ၊အမျှင်ဓာတ်၊ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်သည်။ အခြားအသီးများနည်းတူ ကယ်လိုရီကိုမတက်စေပါ။ ဗီတာမင် C (၅၀၀) mg နှင့်ညီမျှ သောသဘာဝဗီတာမင်စောင်းလျားသီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်းအကျိုး ဖြစ်စေသည်။

HT
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...