ရှိတာလေးနဲ့ ပျော်အောင်နေပါ

စိတ်ချမ်းမြေ့ပျော်ရွှင်နေတဲ့ သူတွေဟာ သူတို့ဘ၀မှာ ရှိတာလေးတွေကို တန်ဖိုးထားတတ်ကြပြီး သူများတွေမှာ တော့ ရှိလိုက်ကြတာဆိုပြီး သောကပွား မနေကြပါဘူး ကိုယ့်မှာမရှိတာ ကိုယ်မရနိုင်တာတွေကို တမ်းတမနေပဲ ကိုယ့်မှာရှိတာကိုပဲ တန်ဖိုးထားတတ်မယ် ဆိုရင် ပျော်ရွှင်ကျေနပ်မှု ဆထက်ထမ်းပိုး ရရှိပါလိမ့်မယ်.
လေးနှစ်သမီး အဲလစ္စဟာ ခရစ္စမတ်သစ်ပင်ကို သွားကြည့်လိုက်တော့ အံ့သြစရာ လက်ဆောင်လေးတွေ ချိတ်ထားတာ တွေ့တယ် သူငယ်ချင်းအချို့နဲ့ နှိုင်းစာကြည့်မယ်ဆိုရင် အဲလစ္စရတဲ့ လက်ဆောင်က နည်းနည်းလေးပါ. . အဲလစ္စ အလိုချင်ဆုံးလက်ဆောင် ပစ္စည်းတွေလည်း ပါတာမဟုတ်ပါဘူး . . အဲဒီအချိန်မှာ ကလေးမလေးအနေနဲက လက်ဆောင်တွေ ဒီထက် ပိုများရင် ကောင်းမှာပဲ လိုချင်တဲ့ လက်ဆောင်တွေကျတော့ မရဘူးဆိုတာမျိုး ဖြစ်နေနိုင်ပါတယ်. . . ဒါပေမဲ့ အဲလစ္စကတော့ သူ့ရှေ့မှာရောက်လာတဲ့ လက်ဆောင်ထုပ်တွေကိုကြည့်ပြီး အံသြ၀မ်းသာစိတ်နဲ့ ပီတိတွေ ဖြစ်နေပါတယ်.
ကျွန်မတို့ကိုယ့်ဘ၀အကြောင်း ကိုယ်ပြန်တွေးကြည့်တဲ့ အခါ မကြာခဏဆိုသလိုပဲ ကိုယ့်မှာမရှိတာ၊ ကိုယ်မရနိုင်တာတွေကိုပဲ စဉ်းစားနေမိကြပါတယ်. . . အဲသည်လို အာရုံထားပြီး တွေးတဲ့အခါ နှစ်သက်ကျေနပ်မှုလည်း မရနိုင်ပါဘူး . .
ခုနက အဲလစ္စ လေးကိုပဲ ကြည့်လိုက်ရအောင်ပါ. . . ကိုယ်က ခရစ္စမတ်သစ်ပင်ရှေ့မှာ ရပ်နေတဲ့ အဲလစ္စနောက်ကို သွားပြီး သူမရလိုက်တဲ့ လက်ဆောင်တွေအကြောင်း သွားပြီး သတိပေးဦးမလို့လားဆိုတာ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်လိုက်ပါ. . ဒါဆိုရင် ကိုယ့်ဘ၀မှာ ကိုယ်မရခဲ့တဲ့ ဟာတွေအကြောင်း မစဉ်းစားတော့ဘဲ ကိုယ့်မှာရှိတဲ့ အရာတွေအကြောင်းပဲ ပြန်စဉ်းစားဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ . . တွေးကြည့်ဖို့ပါ..
အချမ်းသာဆုံး ၊အရှိဆုံးဆိုတဲ့ သူတွေဟာ အဆင်းရဲဆုံး ဆိုသူတွေ ပျော်သလောက် ပျော်ကြတာပါပဲ . . ကိုယ့်မှာ ရှိတဲ့ အရာတွေကိုပဲ နှစ်သက်ကျေနပ်နေတဲ့ သူတွေဟာ အမှန်တကယ် အချမ်းသာဆုံးဆိုတဲ့ သူတွေထက် နှစ်ဆလောက်ပိုပြီး ပျော်ရွှင်ချမ်းမြေ့ မှုကို ရရှိခံစားနိုင်ကြပါတယ်
ကြည်ရွှန်း
ဧရာဝတီစာကြည့်တိုက်