လူသားမဆန်တဲ့ လူသားများ... .

ယခုလ အောက်တိုဘာ (၂)ရက်နေ့ တရုတ်နိုင်ငံ Henan ခရိုင်က အဖြစ်အပျက်တခုပါ... Xinda တံတားပေါ်မှာ လင်မယား ၂ ယောက် စကားများရန်ဖြစ်ပြီး တယောက်နဲ့တယောက် တွန်းနေ ဆွဲနေတဲ့ အချိန် ယောင်္ကျားဖြစ်သူက ၁ နှစ်သားအရွယ် သူတို့ရဲ့ရင်သွေးကို တံတားပေါ်ကနေ ပစ်ချလိုက်ပြီးနေရာ ကနေ ထွက်သွားတယ်... ဇနီးဖြစ်သူ (ကလေးရဲ့မိခင်) က ရဲခေါ်ပြီး အကူအညီတောင်းတယ်... ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ခြင်းရောက်လာတယ်... ကလေးကို မြစ်ထဲကနေကယ်တင်နိုင်ခဲ့ပေမဲ့ ကလေးက အသက်မရှိတော့ဘူး... မိဘ ၂ ဦးလုံးကို ရဲက ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်...


Source: ChinaSmack
ကိုမျိုး