ကမ္ဘာ့လူဦးရေ သန်း ၈၇၀ အာဟာရချို့တဲ့နေ
photo:google
ကမ္ဘာတစ်ဝန်း သန်းရာနှင့်ချီ၍ အာဟာရချို့တဲ့မှုကို ခံစားနေကြရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)က ပြောသည်။ ကမ္ဘာတစ်ဝန်း လူပေါင်း သန်း ၈၇၀ နီးပါး အာဟာရချို့တဲ့မှု ပြဿနာနှင့် ရင်ဆိုင်နေကြရကြောင်း အက်ဖ်အေအို၏ အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
အသက် ငါးနှစ်အောက် ကလေးလေးဦးလျှင် တစ်ဦးနှုန်း အာဟာရချို့တဲ့မှုကြောင့် ကြီးထွားဖွံ့ဖြိုးမှု မရှိကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။ ကမ္ဘာတစ်ဝန်း ကလေး ၁၆၅ သန်းသည် အာဟာရချို့တဲ့မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းနေပြီး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း ကျဆင်းနေကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း လူပေါင်း ၁ ဒသမ ၄ ဘီလီယံမှာလည်း အဝလွန်ရောဂါများ ခံစားနေရသည်ဟု ဆိုသည်။
နှစ်စဉ် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ တန်ချိန် ၁ ဒသမ ၃ ဘီလီယံ ဆုံးရှုံးနေရကြောင်း၊ ယင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်ုလပ်မှု၏ သုံးပုံတစ်ပုံရှိကြောင်း၊ ငတ်မွတ်ခေါင်းပါးနေသည့် လူပေါင်း သန်း ၈၀၀ ကျော်အနက် လေးပုံတစ်ပုံကို ကျွေးနိုင်သည့် ပမာဏဖြစ်ကြောင်း အက်ဖ်အေအို၏ ကြေညာချက်တွင် ဖော်ပြသည်။ (ပရက်စ်တီဗွီ)
Khit Lu Nge 18/Oct/2013