သံယောဇဉ် တွယ်သူများ
11 October 2013 | By ရိုးရာလေး

တရုတ်နိုင်ငံ တောင်ပိုင်း Zhangzhou မြို့ က လမ်းတစ်နေရာ မှာ ဖြစ်ပါတယ်။
ခွေးမ တစ်ကောင် ကားအတိုက်ခံရလို့ အသက်မရှိတော့ ပါဘူး။ ခွေးအထီးက ဘေး ကနေ စောင့်ကြတ်ပေးနေပါတယ်။ အတိုက်ခံရတဲ့ ခွေးကို ဘယ်သူမှ လာမသယ်သေးတဲ့အတွက် ကားနောက်ထပ် ထပ်တိုက်မှာစိုးတဲ့အတွက် လမ်းရှင်းအောင် လမ်းလယ်ခေါင်မှာ ယာဉ်အန္တရယ် မမူပဲ ၆ နာရီကြာတောင် နေခဲ့ ပါတယ်။
ယင်း ခွေး နှစ်ကောင်ဟာ အရင်က အတူတူ တစ်တွဲတွဲ သွားလာတဲ့ အဖော်ကောင်းများ ဖြစ်ပြီး အမ တစ်ကောင် ကားအတိုက်ခံရတဲ့ အချိန်မှာတော့ နေရာမှ မရွေ့ နိုင်ပဲ ခွေးထီးခမျာ စောင့်ကြတ်နေ ခဲ့ ကြောင်း သိရပါတယ်။
-
Ref: heartfell
အောင်ခမ်း (ရိုးရာလေး)