"အဆိုတော် စန္ဒီ ကွယ်လွန်"


စန္ဒီ ၁၅၀၀ ဟူသော အမည်ဖြင့် ဂီတလောကတွင် နာမည် တစ်လုံးကို ရယူနိုင် ခဲ့သော တေးသံရှင် စန္ဒီသည် ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်က နေအိမ်တွင် ရောဂါဖြင့် ကွယ်လွန် သွားခဲ့ပြီး အောက်တိုဘာ ၁၈ ရက် သောကြာနေ့ ညနေ ၃ နာရီ အချိန်တွင် ရေဝေးသုဿန် သို့ ပို့ဆောင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------



"အဆိုတော် စန္ဒီ အတွက် ၀မ်းနည်းစကားဆိုတဲ့ သြရသ"


ကျွန်တော့်ကို ဒီနေ့မနက် ၁ နာရီလောက် ကတော့ သူ့အမေက ဖုန်းဆက်သေး တယ်။ စန္ဒီ အမောတွေ ဖောက်နေလို့တဲ့။ ကျွန်တော်ကလည်း ညကမှ ဘန်ကောက်က ပြန်ရောက်တာ။ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး မနက်ပိုင်းလောက်က ဆုံးတယ်ပြောတယ်။ သူ့အတွက် နှမြောမိပါတယ်။ သူ ပရိသတ်ကို အားပါးတရ သူ့သီချင်းတွေနဲ့ ဖျော်ဖြေဖို့ ကြိုးစားနေဆဲ မှာပဲ ခုလို ဖြစ်သွားတာ စိတ်မကောင်းဘူး။ သူနဲ့ ကျွန်တော် တွဲဆိုထားတဲ့ " လက်ခုပ်နှစ်ဖက်" သီချင်းကလည်း ပရိသတ် လက်ခံအားပေးမှု ရထားတော့ အရင်ကတော့ ဒီသီချင်း ဆိုရင် ပျော်ပျော်ရွှင်ရွှင် နဲ့ ဆိုဖြစ်တယ်။ ခု ဒီသီတင်းကျွတ် မှာ ဒီသီချင်းကို ဘယ်လိုပုံစံ နဲ့ ဆိုရမလဲ ကိုယ့်ကို ကိုယ်မသိဘူး။ ညီမလေးအတွက် တကယ်ဝမ်းနည်းပါတယ်။


Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...