မွေးရာပါကို ကိုယ်တိုင်ခွဲစိတ်ဖြတ်တောက်ခဲ့သူ...

ရဲဘော်ဟောင်းတဦးဖြစ်သူ ကလေး ၄ ယောက်ဖခင် ရိုလန် ဟာ သူ့ရဲ့အမျိုးသားအင်္ဂါကို သူကိုယ်တိုင်ခွဲစိတ် ဖြတ်တောက်ခဲ့ပြီး အမျိုးသမီးဘ၀ ပြောင်းလဲခဲ့သူဖြစ်ပါတယ်...



ဆရာဝန်တွေက သူ့ကို နောက်ထပ် ၂ နှစ်ကြာမှ ဆေးရုံမှာ ပြုလုပ်ဖို့ ပြောခဲ့တာပါ... ဒါပေမဲ့ ယောင်္ကျားဘ၀ကို (၆၁) နှစ်ကျော် ဖြတ်သန်းခဲ့တာ လုံလောက်ပြီလို့ဆိုတဲ့ ရိုလန် ကတော့ ၂ နှစ်ကာလကို မစောင့်နိုင်တော့လို့ ဒီလိုရွေးချယ်ခဲ့တာလို့ ဆိုပါတယ်...


တနေ့မှာ ရိုလန်ဟာ ဇနီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ဂျူလီ ကို ခေါင်းကိုက်လို့ဆိုပြီး အကြောင်းပြ ကာ ရေချိုးခန်းထဲကို လျှောက်သွားခဲ့ပါတယ်... သူနဲ့အတူ Painkillers ဆေးတပုလင်းနဲ့ အိမ်တွင်းဖြစ် ခွဲစိတ်ကိရိယာတွေလည်း ပါသွားခဲ့တယ်... အဲဒီနောက် သူ့ရဲ့မွေးရာပါကို စတင်ဖြတ် တောက်ပါတယ်...



ဒီမြင်ကွင်းကို သိလျှင်သိချင်း ရိုလန် ကို ဆေးရုံးကို အမြန်ပို့ဆောင်လိုက်တယ်... ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစပိုင်းမှာတော့  ဇနီးဖြစ်သူ ဂျူလီကို ရဲတွေက သံသယရှိခဲ့ပါတယ်... နောက်ပိုင်း အခင်းဖြစ်ပွားခဲ့ တဲ့ ရေချိုးခန်းကို သေချာစစ်ဆေးကြည့်တဲ့အခါမှာ ရိုလန် ကိုယ်တိုင် စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့တယ် ဆိုတာကို တွေ့ရတော့မှ ဇနီးဖြစ်သူ သက်သာရာရတယ်လို့ ဆိုပါတယ်....။

Ref: walesonline/oddee/ By Ko Myo
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...