ကလေးများ၏ စိတ်ဓာတ်ကို ညှို့ယူစေသောအရောင်


Health Updates Journal No. 86

ကလေးထိန်းမူကြို၊ ကလေးများ၏အိပ်ခန်း စသည်တို့တွင် အရောင်စုံနံရံကပ်စတစ်ကာ သို့မဟုတ် အရောင်စုံအခန်းခြယ်သမှုများသည် ကလေးများ၏စိတ်ကို ဆွဲဆောင်စေကြောင်း သိပံ္ပနည်းကျစမ်းသပ်မှုများအရ သိရှိ နိုင်သည်။

အနီရောင် -ကလေးများ၏စိတ်ကို ကျန်းမာကြံ့ခိုင်ဖျတ်လတ်စေသည်။

ပန်းရောင် -ကလေးများအား မျှဝေခံစားသောစိတ်၊ အေးဆေးတည် ငြိမ်သော စိတ်ကို ဖြစ်စေသည်။

အ၀ါရောင် – ပျော်ရွှင်တက်ကြွသော စိတ်၊ အစာချေဖျက်မှုကောင်းခြင်း၊ မှတ်ဉာဏ်အားကောင်းခြင်းတို့အား ဖြစ်စေသည်။

လိမ္မော်ရောင် -လူအများနှင့်ပေါင်းသင်းဆက်ဆံလိုစိတ်၊ ပတ်ဝန်းကျင် နှင့်လိုက်လျောညီထွေနေလိုစိတ်များ ကလေးတို့တွင် ဖြစ်ပေါ်စေသည်။ စိတ်တည်ငြိမ်မှု၊ အေးဆေးသောစိတ် တို့ကို ဖြစ်စေသည်။

အပြာရောင် -ကလေးတို့၏ကိုယ်၊ စိတ်ကို တည်ငြိမ်စေပြီး ကြောင့်ကြစိတ်၊ ရန်လိုစိတ်တို့ကို လျော့ပါးစေ သည်။

မရမ်းရောင် – အရောင်များ ပေါင်းစပ်ဖြစ်ပေါ်သောအခြေခံစိတ်ကဲ့သို့ တည်ငြိမ်စေခြင်း၊ အသိဉာဏ်ကြွယ်ဝစေခြင်း၊ အ၀ါရောင်ကဲ့သို့ နှလုံး သားမွေ့လျော်ခြင်း၊ အနီရောင်ကဲ့သို့ အားအင်ဖြစ်ခြင်း၊ သက်သောင့်သက်သာခံစားတတ်ခြင်း၊ သစ္စာစောင့်သိစိတ်၊ ကြွယ်ဝချမ်းသာစိတ်များ ဖြစ်စေသည်။

အစိမ်းရောင် -ကလေးတို့အား တည်ငြိမ်အေးချမ်းစိတ်၊ သုခခံစားမှု၊ ကျန်းကျန်းမာမာနေလိုစိတ်၊ လန်းဆန်းသောစိတ်၊ ကြောင့်ကြမှုကင်းပြီး အာရုံစုစည်းတတ်ခြင်း၊ စာဖတ်နိုင်သောဉာဏ်စွမ်းရည်တို့ကို ပေးစွမ်းသည်။

ဒေါန

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...