ငြင်းခုံခြင်း၏အပြစ်

photo:google
လောကတွင် လူတော်များများသည် အကြောင်းအရာ တစ်ခုခုနှင့်ပတ်သက်၍ ငြင်းခုံဖူးကြပါသည်. .အသေးအဖွဲမှ အစ ကိစ္စကြီးများအထိ ငြင်းခုံလေ့ရှိကြပါသည်. . . . . ထင်မြင်ချက်တစ်ခုခုနှင့် ပတ်သက်၍ သူမှန်သည် ငါမှန် သည် ငြင်းခုံခြင်းသည် မခံချင်သော စိတ်ကို ပြ၏. . . သို့ဖြစ်လေရာ ငြင်းခုံခြင်းကို ၊ သူငယ်ချင်းနှစ်ယောက် အပျော်ငြင်းခြင်းမှ တစ်ပါး ရှောင်ကြဉ်သင့်ပါသည်. . .
"စီးပွားစပ်ငြား၊ စကားငြင်းဆို၊ သူ့မယားနှင့်၊ နှစ်ကိုယ်တည်းသာ မနေရ၊ မေတ္တာပျက်ကြောင်း" ပင် ဟုသော စကားရှိလေသည်. . .
မိမိ၏အကျိုးစီးပွား ကို မထိခိုက်လောက်သော အရေးများ၌ မငြင်းခုံပဲ အလျှော့ပေးခြင်းဖြင့် အကြီးအကျယ် အကျိုးခံစားရနိုင်လေသည်. . . အခါများစွာ သဘောကွဲလွဲလျှင် ထိုကိစ္စကိုခေတ္တဆိုင်း၍ထားပြီမှ မိမိလိုရာသို့ ရောက်အောင်ကြံစည် ပြောဆိုရပါမည်. . .
ဤနည်းအားဖြင့် တစ်ဖက်သားမှာ စဉ်းစားရန်အချိန်ရ၍ မိမိကိုယ်တိုင်မှာလည်း နောက်ဆုံး၌ အဆင်ပြေမည့် နည်းလမ်းကောင်များရှာဖွေတွေ့ရှိလာနိုင်ပါသည်. . .
တစ်ဖက်သား ကန့်ကွက်သော အချက်ကို ၄င်းထက် သေချာအောင် မိမိက ထပ်လောင်းပြောပြနိုင်ရပါမည်. . . ထိုအခါ မိမိဆိုလိုချက်ကို သူတစ်ဖက်သားက အလိုလိုသိပြီး မိမိဘက်ကို ပါလာပါလိမ့်မည်. . . .
မိမိသဘောမကျသော အချက်တစ်ခုခုကို တစ်ယောက်ယောက်က သဘောပါအောင်ပြောလျှင် သဘောမကျကြောင်းကို ဆိတငြိမ်စွာနေခြင်းဖြင့် ပြနိုင်၏. . . ထိုအခါ တစ်ဖက်သား လိုက်လျောလိမ့်မည်. . ပြုံးသောမျက်နှာနှင့်လည်း သဘောမကျကြောင်း ပြနိုင်လေသည်. .
ငယ်သားများက တစ်စုံတစ်ရာကို တိုင်တောသည့် အခါ ၄င်းတို့ကို ကူညီလိုသောစိတ်နှင့် အားပေးလျှက်နားထောင်ရမည်. . .
လူတစ်ယောက်က ဒေါသဖြစ်၍ ဆူပွပြောဆိုနေလျှင် ဆိတ်ငြိမ်စွာ သတိနှင့် နားထောင်နေပါက အလိုလိုအေးသွားလိမ့်မည်. . . အေးရုံမက နားထောင်သူအပေါ်၌ ကြင်နာစိတ်များပေါ်၍ လာပါလိမ့်မည်.
အထက်ပါ နည်းလမ်းများ ဖြင့် ပြုမူ ပြောဆို နေထိုင်ပါက တစ်ဖက်သားနှင့် ငြင်းခုံမှာ အလိုလိုလျော့ပါး သွားပါလိမ့်မည် . . .
မိမိကိုယ်တိုင်လည်း အကျိုးမရှိ၊ သူတစ်ပါးကို လည်း အကျိုး မဖြစ်စေသော ငြင်းခုံခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါသည်. . . .
ပီမိုးနင်း