အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ အချက်အလက်များအား ဝက်ဘ်ဆိုက်လေးခုတွင် လေ့လာနိုင်

အတွဲ (၁၄)၊ အမှတ် (၃၉)

လာမည့် ဒီဇင်ဘာလအတွင်းကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုသောအချက်အလက်များကို ဝက်ဘ်ဆိုက်လေးခုတွင် လေ့လာနိုင်ကြောင်းသိရသည်။


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အဆိုပါ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ ၀က်ဘက်ဆိုက်လေးခု ထုတ်လွှင့်ထားပြီးဖြစ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ ၎င်းဝက်ဘ်ဆိုက်လေးခုမှာ www. 27seagames2013.com, www.myasoc.org, www.myasoc.com.mm နှင့် www.mosports.gov.mm တို့ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းနှင့်ပတ်သက်၍ သိရှိလိုသောအချက်အလက်များကို ၎င်းဝက်ဘ်ဆိုက်များတွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ အားကစားပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ကစားနည်း ၃၃ မျိုးပါဝင်မည်ဖြစ်ပြီး ၎င်းကစားနည်းများကို သက်ဆိုင်ရာနေရာအလိုက် ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...