ဝါကျွတ်ခါ မိုးလွတ်လို့ သီတင်းကျွတ်ရောက်ပြီ
တာဝတိံသာနတ်ပြည်မှာ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အဘိဓမ္မာတရားတော် ဟောကြားပြီး လူ့ပြည်ကို ပြန်လည်ကြွလာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို တပည့်သာဝက တွေနဲ့ ဒါယကာ၊ ဒါယိကာမတွေက ကြိုဆိုတဲ့ အထိမ်းအမှတ်နဲ့ ဆီမီးထွန်းညှိ ပူဇော်ကြတဲ့ ဓလေ့ဟာ ဗုဒ္ဒဘာသာ တိုင်းပြည်တွေမှာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပါပြီ။
မြန်မာနိုင်ငံမှာတော့ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့တွေမှာပါ ဆီမီးပူဇော်ကြပါတယ်။ ရန်ကုန် အလိုတော်ပြည့် ကျောင်းတိုက်က သောတုဇနစာသင်သား သံယာတော်တွေ စုဝေးပြီး ဆီမီးထွန်းတာပါ။

မုံရွာမြို့နဲ့ အရှေ့ဘက် ၁၀ မိုင်နီးပါးဝေးတဲ့ သာစည်ကျေးရွာ မဟာစေတီလှ ဘုရားကြီးမှာ သီတင်းကျွတ် လပြည့်နေ့ မနက်ပိုင်းက အမြင့် ၂၂ ပေလောက်ရှိတဲ့ မီးပုံးပျံကြီးကို လွှတ်တင်နေတာပါ။ မီးပုံးပျံကြီး ပြုလုပ်ဖို့ မှိုင်းကိုင်စက္ကူရွက်ရေ ၁၀၀၀ အထိ အသုံးပြုခဲ့ရတာပါ။ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက နှစ်စဉ် သီတင်းကျွတ်လပြည့်မှာ မီးပုံးပျံလွှတ်တာက အစဉ်အလာတစ်ခုလို ဖြစ်ခဲ့ပြီး လွှတ်တင်ခဲ့တဲ့ အကြိမ်အရေအတွက် များလွန်းလို့ မမှတ်မိတော့ဘူးလို့ သာစည်ရွာက သက်ကြီးပိုင်းတွေက ပြောပါတယ်။

တောင်ငူမြို့မှာ ဇရပ်ဖြူဓမ္မာရုံ အရုဏ်ဆွမ်းလောင်း အသင်းက သီတင်းကျွတ် လပြည့်နေ့ မနက်တိုင်း သံဃာတော်တွေနဲ့ သီလရှင်တွေကို အရုဏ်ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်လာတာ အကြိမ် ၁၀၀ ကျော်ခဲ့ပါပြီ။

ဆင်အရုပ် တွေထဲကို လူဝင်ပြီး အလှကပြတဲ့ ကျောက်ဆည်ဆင်ပွဲတော် ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။ ဒီပွဲကို ကမ္ဘာလှည့် ခရီးသွားတွေ တကူးတက လာရောက်ကြပါတယ်။
ဘုရားစေတီတွေ ပေါများလှတဲ့ စစ်ကိုင်းမြို့ရဲ့ ကောင်းမှုတော်ဘုရားမှာ အရုဏ်တော် ဆွမ်းလောင်း အသင်း ၁၃ သင်းက သီတင်းကျွတ်လပြည့်ည မှာ ရွတ်ဖတ်ပူဇော်ပြီး လပြည့်ကျော် ၁ ရက်နေ့ မနက်မှာ အရုဏ်ဆွမ်း လှူကြပါတယ်၊။ ဒီဓလေ့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်ကတည်း စတင်ခဲ့တာ ဖြစ်ပြီး စစ်ကိုင်းတစ်မြို့လုံးက အရုဏ်ခံ အသင်းတွေကို စတုဒီသာ ကျွေးမွေးလေ့ရှိပါတယ်။
ပုဇွန်တောင်မြို့နယ်က ရေကျော်မှာတော့ သီတင်းကျွတ်ပွဲတော်နဲ့ အပြိုင် ကာတွန်းပြပွဲကို ယခုနှစ်မှာ တစ်ပြိုင်တည်း ပြုလုပ်ပါတယ်။
The Voice Myanmar