နှလုံးရောဂါဖောက်လာရင် ရင်ဘတ်အောင့်ခြင်းက အမြဲတစေတွေ့ရမည့် လက္ခဏာတစ်ခုမဟုတ်ကြောင်း သတိထားရန်လို


Health Updates Journal No. 86

နှလုံးရောဂါဖောက်ပြီး (Heart Attack) ဆိုတိုင်း ရင်ဘတ်အောင့်ခြင်း က သေချာပေါက်တွေ့ရမယ့် လက္ခဏာတစ်ခုလို ပုံသေကားချပ်မှတ်ယူ မထားပါနဲ့။ အထူးသဖြင့်ကတော့ လူငယ်တွေမှာပေါ့။၊ MC Gill University က လေ့လာမှုတွေအရ နှလုံးရောဂါသည်တွေမှာ ယောက်ျား မိန်းမယှဉ်ကြည့်ရင် ရင်ဘတ်အောင့်တဲ့ လက္ခဏာက အမျိုးသမီးတွေမှာ ပြလေ့ပိုနည်းပါတယ်။ ဒါပေမယ့် ရင်ဘတ်မအောင့်ဘူးဆိုတိုင်း ရောဂါ မပြင်းထန်ဘူးလို့ မဆိုလိုပါဘူး။ အသက် ၅၅နှစ်အောက်မှာရှိတဲ့ နှလုံးရောဂါရှင်အမျိုးသမီးငါးဦးမှာ တစ်ဦး ဟာ နှလုံးရောဂါဖောက်ရင် ရင်ဘတ်အောင့်တဲ့လက္ခဏာအစား နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ကို တိုတိုနဲ့ မကြာခဏရှူရခြင်း(အသက်ရှူမြန်ခြင်း)၊ အားနည်းခြင်းစတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နှလုံးရောဂါဆိုတာ အသက် ကြီးကြီး၊ အဘိုးကြီးက ရင်ဘတ်ရှေ့မှာ လက်သီးဆုပ်ပြီး အောင့်နေတဲ့ပုံစံဟောင်းကြီးကို မေ့ပစ်ထားဖို့လိုပါပြီ။
ရင်ဘတ်အောင့်ခြင်းမဟုတ်ဘဲနဲ့ လည်း အခြား ပြင်းထန်တဲ့အခြေအနေ တွေ ဖြစ်နိုင်တယ်ဆိုတာ မေ့မထား သင့်ပါဘူး။

အပိန်လေး
ref:Medindia
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...