မိန်းကလေးတွေ အရည်အချင်းအသွေးမီ ပညာသင်ကြားခွင့်မရ
မိန်းကလေးတွေ အရည်အသွေးမီ ပညာသင်ကြားနိုင်ဖို့နဲ့ ကျောင်းတက်ဖို့ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေရှာဖွေဖို့လိုကြောင်း ယူနီဆက်ဖ်က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ကျောင်းပြင်ပရောက်ကလေးအရေအတွက်နှုန်းက တစ်ဖြည်းဖြည်းကျဆင်းနေပေမဲ့ မိန်းကလေးအများစုကတော့ အရည်အသွေးမီပညာရေးသင်ကြားခွင့်မရဘူးလို့ ဆိုပါတယ်။ မူလတန်း အရွယ် မိန်းကလေး ၃၁ သန်းဟာကျောင်းထွက်ပြီး ကျောင်းပြင်ပမှာ နေထိုင်နေရတယ်လို့ သိရတယ်။
လေ့လာမှုတွေအရ အလယ်တန်းပညာ အထိပြီးဆုံးတဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ အနာဂတ် မှာ ဝင်ငွေ ၂၅ ရာခိုင်နှုန်း တိုးတက်အောင်ရှာဖွေလာနိုင်တာ တွေ့ရပါတယ်။ ပညာရေးဟာမိန်းကလေး တွေရဲ့ ဘဝကိုပြောင်းလဲနိုင်ပြီး သူတို့ရဲ့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကို ခွန်အားဖြစ်စေတယ်လို့ ဆိုပါ တယ်။
မိန်းကလေးတွေ ကျောင်းတက်နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ အခုအသုံးပြုတဲ့နည်းလမ်းသစ်တွေ အသုံးချဖို့လိုတယ်။ အတွေးအခေါ်သစ်တွေ ဖော်ထုတ်ဖို့လိုတယ်။ ပြီးရင်တီထွင်ဆန်းသစ်မှုတွေကို အရှိန်အဟုန်မြှင့်တင်ပေးဖို့ လိုပါတယ်လို့ ယူနီဆက်ဖ်အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာအန်တိုနီ လိတ်က ပြောကြောင်းထုတ်ပြန်ချက်မှာ ပါရှိတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ် ၃၇၉၊ အောက်တိုဘာ ၁၈၊ ၂၀၁၃