အချိုရည်သောက်သူအမျိုးသမီးများ ဂေါက်အဆစ်ရောင်ရောဂါဖြစ်နူန်း မြင့်တက်

သကြားပါတဲ့ ဆော်ဒါအချိုရည်နဲ့ လိမ္မော်ရည်စတဲ့ ဖရက်တို့စ်ပေါများစွာပါဝင်တဲ့ အချိုရည်တွေကို သောက်သူ အမျိုးသမီးတွေဟာ ဂေါက်အဆစ်အမျက်ရောင်ရောဂါ ဖြစ်နူန်းမြင့်တက်လေ့ရှိကြောင်း လေ့လာမူအသစ်တစ်ရက်အရ သိရပါတယ်။ ဂေါက်အဆစ်အမျက်ရောင်ရောဂါဖြစ်နူန်းဟာ အမေရိကန်ပြည်တောင်စုမှာ ၁၉၇၇-ခုနှစ်က လူတစ်သိန်းမှာ ၁၆-ရာခိုင်နူန်းရှိရာမှ ၁၉၉၆-ခုနှစ်က လူတစ်သိန်းမှာ ၄၂-ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့ပြီး သကြားပါတဲ့ အချိုရည်တွေကို သောက်သုံးမူနဲ့ ဆက်စပ်နေကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ဖရက်တို့စ်ပေါများစွာပါဝင်တဲ့ အချိုရည်တွေဟာသွေးထဲမှာ ယူရစ်အက်စစ် စုပုံနေနိုင်ပြီး ဂေါက်အဆစ်အမျက်ရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမူအရ တစ်လမှာ သကြားပါတဲ့ ဆော်ဒါအချိန်ရည် တစ်ဘူးခန့်သောက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် တစ်နေ့ဆော်ဒါအချိုရည် တစ်ဘူးသောက်သူတွေက ဖြစ်နူန်း ၇၄-ရာခိုင်နူန်း ပိုများနေပြီး၊ နှစ်ဘူးနဲ့အထက် သောက်ပါက ၂-ဒသမ ၄-ဆပိုများနေကြောင်း တွေ့ရှိရပါတယ်။
2KO(Healthday)
- (အရှေ့သို့) မြန်မာ့ဆေးဖက်ဝင် ဒန္တသုခပင် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) မြန်မာ့ဆေးဖက်ဝင် ခရေပင် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)