ပါလက်စတိုင်း ဂါဇာကမ်းမြောင်းဒေသကနေ အစ္စရေးကို လျှို့ဝှက်ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းကြီး...



အစ္စရေးစစ်တပ်ရဲ့ အဆိုအရ... ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို လျှို့ဝှက်ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၂၀၁၃ အောက်တိုဘာ ၁၃) က ရှာဖွေတွ့ရှိခဲ့တယ်လို့ ဆိုပါတယ်... ကွန်ဂရစ်တွေနဲ့ အခိုင်အမာ ဆောက်လုပ်ထားပြီး အစ္စရေးနိုင်ငံသားတွေကို တိုက်ခိုက်ဖို့နဲ့ ပြန်ပေးဆွဲဖို့အတွက် စီစဉ်ဆောက် လုပ်ထားတာပါ... ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးဘက်ကတော့ ပါလက်စတိုင်းနယ်မြေထဲကို ဆောက်လုပ်ရေးပစ္စည်း ပို့ဆောင်တာတွေ အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်...


Amir Cohen / Reuters

ဒီမြေအောက်ဥမင်လိုဏ်ခေါင်းကြီးကို ဟားမတ်စ်အဖွဲ့က ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းသူပုန်တွေနဲ့ မှောင်ခိုသမားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အစ္စရေးစစ်တပ်က ကင်းလှည့်နေစဉ် တွေ့ရှိခဲ့တာဖြစ်ပြီး... တနှစ်ကျော်ကာလလောက် အသုံးပြုထားပြီးပြီလို့ ယူဆရပါတယ်... အစ္စရေးတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ လိုဏ်ခေါင်းတွေအထဲမှာဆိုရင် ဒီလိုဏ်ခေါင်းဟာ တတိယမြောက် ဖြစ်တယ်လို့ ဆိုပါတယ်... အစ္စရေးတို့ မြေအောက်ဥမင်ကို ရှာတွေ့သွားတယ်လို့ သိတဲ့အချိန်မှာ ပါးနပ်တဲ့ ဟားမတ်စ်အဖွဲ့က မြေအောက်ဥမင်အတိုင်း အစ္စရေးစစ်တပ် ၀င်မလာနိုင်အောင် ဂါဇာဘက်အခြမ်းက ဥမင်လိုဏ်ခေါင်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်...

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abu Obeida ရဲ့ Twitter စာမျက်နှာမှာတော့"မြေအောက်ဥမင်လိုဏ်ခေါင်း ထောင်ပေါင်းများစွာကို ဆက်ပြီး တူးဖော်ဆောက် လုပ်သွားမယ်" လို့ ရေးထားပါတယ်... ဒါတွေကိုကြည့်ခြင်းအားဖြင့် ပါလက်စတိုင်း စစ်သွေးကြွတွေ အနေနဲ့ အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်သွားဖို့ ဆက်လက်ပြင်ဆင်မှုတွေ လုပ်သွားမယ်ဆို တာ ပေါ်လွင်နေပါတယ်...


DAVID BUIMOVITCH/AFP / Getty Images 

၂၀၀၆ ခုနှစ်တုန်းကလည်း ဟားမတ်စ်အဖွဲ့နဲ့ အခြားစစ်သွေးကြွတွေဟာ အလားတူ ဥမင်လိုဏ်ခေါင်းတွေ ကို အသုံးပြုပြီး အစ္စရေးနိုင်ငံ ပိုင်နက်ထဲကို တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ခဲ့ပြီး အစ္စရေးစစ်သား ၂ ယောက်ကို သတ်ဖြတ်ကာ အရပ်သားတစ်ဦးကို ပြန်ပေးဆွဲခဲ့ပါတယ်... အဲဒီအရပ်သားကို ဂါဇာမှာ ၅ နှစ်ကြာ ထိန်းသိမ်းထားပြီးတဲ့နောက် ၂ ဖက်အကျဉ်းသား လဲလှယ်မှုမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်... ဟားမတ်စ်စစ်သွေးကြွတွေအနေနဲ့ အစ္စရေးစစ်တပ်နဲ့ အပတ်အခတ် ရပ်စဲရေးပြု လုပ်ဖို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီးပြီလို့ ပြောပါတယ်... ဒီအပစ်ရပ်ရေးအစီအစဉ်မှာ အီဂျစ်က ကြားဝင်ဆောင်ရွက်ပေးနေတာပါ...


Amir Cohen / Reuters 

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး Guy Inbar ရဲ့အဆိုအရ... ပါလက်စတိုင်း ဂါဇာဘက်ကို ပို့နေတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေအားကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်... ပါလက်စတိုင်း အရပ်သားတွေ အသုံးပြုဖို့အတွက် ရည်ရွယ်ချက်နဲ့ ဂါဇာကမ်းမြောင်ကို ပို့ပေးနေတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်ဖို့ မြေအောက်ဥမင် လိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ အသုံးပြုနေတာဖြစ်ပါတယ်...

ဂါဇာကမ်းမြောင်ဒေသရဲ့ တပ်မှူး ဗိုလ်မှူးချုပ် Brig. Gen. Mickey Edelstein က ဥမင်လိုဏ်ခေါင်းတွေ ကို အဆင့်မြင်မြင့်နဲ့ နည်းစနစ်တကျ တည်ဆောက်ထားတာ ဖြစ်ပြီး... ကွန်ကရစ် ဘိလပ်မြေ အမြောက်အများကိုလည်း အသုံးပြုထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်...


DAVID BUIMOVITCH/AFP / Getty Images

ဒီဥမင်လိုဏ်ခေါင်းတွေကို တည်ဆောက်ရာမှာ ကွန်ကရစ် ဘိလပ်မြေ တန်ချိန် (၅၀၀) အသုံးပြုထား တယ်လို့ အစ္စရေးစစ်တပ်က ခန့်မှန်းထားပြီး ဆောက်လုပ်ချိန် ၁ နှစ်ကျော် ကြာမယ်လို့ ဆိုပါတယ်...


DAVID BUIMOVITCH/AFP / Getty Images

ဥမင်လိုဏ်ခေါင်းမှာ မြေပြန့်ပေါ်ကို ထွက်နိုင်တဲ့ ထွက်ပေါက် ၂ ခု ရှိပါတယ်..

Amir Cohen / Reuters

ထွက်ပေါက်တွေဟာ အစ္စရေး Kibbutz Ein Hashlosha ကနေဆိုရင် အကြမ်းဖျင်းအားဖြင့် ၁ မိုင် ရှိပါတယ်...

DAVID BUIMOVITCH/AFP / Getty Images


Amir Cohen / Reuters

လိုဏ်ခေါင်းနံရံတလျှောက် လျှပ်စစ်မီးကြိုးတွေကို တွေ့မြင့်နိုင်ပါတယ်... 

Amir Cohen / Reuters

အောက်ပုံက လိုဏ်ခေါင်း တဖက်နဲ့တဖက်ကို လျှင်မြန်စွာ ကူသန်းသွားလာရန် Trolley ငယ်လေးတွေအတွက် သံမဏိကြိုးလမ်း တခုပါ... ဒါ့အပြင် လိုဏ်ခေါင်းအတွင်း ventilation shafts လည်း ပါဝင်ပါတယ်... 

DAVID BUIMOVITCH/AFP / Getty Images


Amir Cohen / Reuters 

Ref: Buzzfeed/ By Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...