သင်္ချာထူးချွန်သည့် ၁၀ နှစ်သားလေး ဇူးရစ် တက္ကသိုလ်ဝင်ခွင့်ရ



ဆွဇ်ဇာလန် အထက်တန်းသင်္ချာစာမေးပွဲကို အပျော်သဘောဖြေဆိုအောင်မြင်ခဲ့သော ၁၀ နှစ်သား ယောက်ျားလေးတစ်ဦးသည် ဂုဏ်သတင်းကျော်ဇောသော ဇူးရစ်တက္ကသိုလ်၌ အဆိုပါဘာသာရပ်နှင့် သက်ဆိုင်သည့် အထူးသင်တန်းတစ်ခုကို တက်ရောက်လျက်ရှိကြောင်း ၎င်းတက္ကသိုလ်က ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။

၁၀ နှစ်သားလေး၏အမည်မှာ မက်ဆီမီလန်နှစ်ရှ်ဖြစ်ပြီး သူ၏ဖခင်သည် အငြိမ်းစားသင်္ချာ ပါမောက္ခ တစ်ဦးဖြစ်သည်။ တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာအထူးသင်တန်းတွင် တက်ရောက်ခွင့်ပြုသူများအ နက် ဂျန်းနစ်ရှ်သည် အသက်အငယ်ဆုံးကလေးတစ်ဦးလည်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းအုပ်ကြီး မိုက်ကယ်ဟင်ဂတ်တနာက ပြောကြားခဲ့သည်။

ဂျန်းနစ်ရှ်သည် အလွန်ထက်မြက်သည့် ကလေးငယ်ဖြစ်ပြီးသူ၏ အသက်အရွယ်နှင့် မလိုက်အောင် သဘောတရား အတော်များများကို နားလည်သဘောပေါက်နေသူကို နားလည်သဘောပေါက်နေသူ ဖြစ်ကြောင်း မစ္စတာဟင်ဂတ်တနာက ပြောကြားခဲ့သည်။

မူလတန်း စာသင်ကျောင်းတွင် ဂျန်နစ်ရှ်သည် စာသင်တန်းသုံးတန်းကို ကျော်ဖြတ်ခွင့်ပြုခြင်းဖြင့် ချီးမြှောက်ခံရသော်လည်း တက္ကသိုလ်တွင်မူ တရားဝင်သက်ရောက်သင်ကြားခွင့်ပြုခြင်း မခံရကြောင်း သိရသည်။

ဂျန်နစ်ရှ်အနေနှင့် အရည်အချင်းရှိသော အထက်တန်းကျောင်းသားများအတွက် ရည်ရွယ်ထားသည့် အထူးသင်ရိုးများကိုမူ ဆက်လက်ဆည်းပူးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်တွင် သူ့ထက် အသက်များစွာ ကွာခြားလှသော အတန်ဖော်များနှင့် ပတ်သက်၍ သူသည်မိတ်ဆွေဖွဲ့ရာတွင်မူ စပယ် ရှယ်လစ်တစ်ဦး မဟုတ်ကြောင်း၊ ဂရိသင်္ချာပညာရှင် အာခိမိဒိနှင့် ပတ်သက်၍ ဆွေးနွေးနိုင်မည့်သူ တစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိခဲ့ခြင်းမရှိကြောင်း ၁၉ ရာစုက ကျော်ကြားခဲ့သော ဂျာမန် သင်္ချာ ပညာရှင် ကားလ်ဖရက်ဒရစ်ခ်ျကိုပင် ကြားဖူးသူမရှိသလောက်ဖြစ်ကြောင်း ဂျန်နစ်ရှ်က ညည်းတွားခဲ့ သည်ဟုသိရသည်။

Ref:AFP
The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၁၃၅)၊ အောက်တိုဘာ ၄၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...