အင်္ဂလန် ဘယ်လာဘီးစ်ကောလိပ်မှာ တက်မယ်ဆိုရင်



အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်တွေကို တစ်ဆင့်တက်ရောက်ခွင့် ရရှိနိုင်မယ့်အပြင် စကော လားရှစ်နဲ့ friendship fund တွေရယူနိုင်မယ့် Bellerbys College ကိုလျှောက်ထားနိုင်ပြီလို့ Study Abroad Information Center မှသိရှိရပါတယ်။

ဘယ်လာဘီးစ်ရဲ့ 'A' Level တက်ရောက်မယ့် ကျောင်းသူ ကျောင်းသားတွေအတွက် ၂၀၁၄ နှစ်သစ် ရဲ့ ပထမဆုံးကျောင်းဖွင့်ချိန်ဖြစ်တဲ့ ဇန်နဝါရီလကျောင်းဖွင့်ချိန်မှာ လျှောက်ထားပါက စကောလားရှစ် စတာလင်ပေါင် ၁၈,၅၀၄ အထိရရှိနိုင်ပါတယ်။ ကျောင်းလခကုန်ကျစရိတ်က 6 Terms အတွက် စတာ လင်ပေါင် ၂၇,၇၅၆ ကုန်ကျမှာဖြစ်ပါတယ်။ Foundation Bursary လျှောက်ထားလိုသူတွေကတော့ 3 Terms ကျောင်းလခ စတာလင်ပေါင် ၁၃,၉၆၅ အနက် စတာလင်ပေါင် ၅၇၉၀ အထိစကောလားရှစ် ပေးသွားမှာပါ။

Undergraduate Year (1) Business Management Bursary ကိုအောက်စဖို့ဒ်မှာ တက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပညာသင်ဆုစတာလင်ပေါင် ၁၈၆၀ ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

ပညာသင်ဆုမရရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ friendship fund လျှောက်ထားနိုင်ပါ တယ်။ 'A' Level ကိုတက်ရောက်မယ့် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကျောင်းလခ (5 Terms) စာ စတာလင်ပေါင် ၃၈,၅၅၀ အတွက် friendship fund စတာလင်ပေါင် ၄၆၂၅ အထိရရှိနိုင်ပြီး ဖောင်ဒေးရှင်းတက်ရောက်မယ့် သူတွေအတွက်တော့ စတာလင်ပေါင် ၁၅၀၀ အထိပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လိုအပ်ချက်

မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဖောင် ဒေးရှင်းဘာသာရပ်ကနေ စတင်တက်ရောက်နိုင်မှာဖြစ်ပြီး အင်္ဂလိပ်စာလိုအပ်ချက်အနေနဲ့ IELTS 4.5 ရရှိဖို့ လိုအပ်ပါတယ်။ Bellerbys Foundation မှာမြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင် မြင်ထားပြီး GCE 'O' Level နဲ့ IGCSE Exam မဖြေဆိုလိုဘဲ တက္ကသိုလ်ကောင်းကောင်းကို ရွေးချယ် တက်ရောက်လိုသူတွေအတွက်တော့ အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၂၈)၊ အောက်တိုဘာ ၁၅၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...