ငါးမိနစ် နှိပ်နယ်နည်း




၁။ ခြေသလုံး ကြွက်သားတွေ တောင့်တင်းတာ သက်သာအောင် ကြမ်းပြင်ပေါ်မှာ ခြေထောက်ဆင်းထိုင်ပါ. . လက်သီးဆုပ်ကာ လက်ဆစ်ထိပ်တွေနဲ့ ပေါင်ပေါ်ဖိပြီး ဒူးခေါင်းဆီသို့ တဖြည်းဖြည်းရွေ့သွားပါ. လက်ဆစ်ထိပ်တွေကို ဖိပြီး နဂိုနေရာသို့ ပြန်ရွှေ့ပါ. . . မိမိနာကျင်ကိုက်ခဲ့တဲ့နေရာတွေကို အာရုံထားပြီး တစ်မိနစ်ခန့် နှိပ်သွားပါ. . . . .


၂။ လက်ဖျံကိုက်ခဲတာ သက်သာအောင် ဘယ်ဘက်လက်သီးဆုတ်ကာ ပုံမှာ ပြထားတဲ့အတိုင်း တံတောင်ဆစ်ကို ကွေးထားပါ. . ညဘက်လက်မကို အပေါ်ဘက်ထားပြီး ညာဘက်လက်မှ ဘယ်ဘက်လက်ဖျံကို ဆုပ်ကိုင်ပါ. . ဘယ်ဘက်လက်ဖျံကို လှည့်ပေးပါ. . . လက်ဖ၀ါးကြမ်းပြင်ဘက် လှည့်သွားပြီး နဂိုနေရာပြန်ထားပါ. . စက္ကန့်၃၀ ခန့် ဆက်လုပ်ပါ. .. နာကျင်တဲ့နေရာတွေဆီ ညာဘက်လှည့်ရွှေ့သွားပါ. . နောက်တစ်ဖက်ကိုပြောင်းလုပ်ပါ.


၃။ ခါးနာတာသက်သာအောင် ထိုင်ခုံ တစ်ခုပေါ်ထိုင်ပြီး ခြေဖ၀ါး ကိုကြမ်းပြင်နဲ့ ထိထားပါ. . လက်မောင်းကို နောက်ဘက်ကွေးကာ လက်သီးဆုပ်ပြီး ပုံမှာပြထားတဲ့အတိုင်း နောက်ကျော်နေရာမှာထားပါ.. ခါးရိုးတစ်ဖက်တစ်ချက် ခါးအောက်ပိုင်းနေရာကို လက်သီးနဲ့ စက်ဝန်းပုံနှိပ်နယ်ပါ. . တစ်မိနစ်ခန့် နေရာရွှေ့ပြီး လုပ်ပေးပါ. .



၎။ ခြေဖ၀ါးနာကျင်တာ သက်သာအောင် ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဘယ်ဘက် ခြေဖ၀ါးအောက်မှာ တင်းနစ်ဘောလုံးထားပြီး ခြေဖ၀ါးကို ကြမ်းပြင်ပေါ်ထားပါ. . ခြေဖ၀ါးကိုကြမ်းပြင်ပေါ် ရှေ့နောက် စက္ကန့် ၃၀ ခန့်လှည့်ပါ ခြေဖ၀ါးကို ပြောင်းလုပ်ပါ. . .

အချိန်မကုန် ငွေမကုန်ပဲ အထက်ပါနည်းလမ်းများဖြင့် ဝေဒနာများ သက်သာပျောက်ကင်း ကြပါစေရှင်.

ကျန်းမာရွှင်လန်းကြပါစေ. . .

ဧရာဝတီစာကြည့်တိုက်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...