အဝေးသင် ပညာသင်စရိတ်မြင့်မားနေဟု ကျောင်းသူ ကျောင်းသားများဆို



အဝေးသင် စာမေးပွဲအနီးကပ်တက်ရန်နှင့် စာမေးပွဲဖြေဆိုရန်အတွက် နယ်မြို့များမှ လာသောကျောင်း သူ၊ ကျောင်းသားများမှာ အဝေးသင်ပညာသင်နှစ်တစ်နှစ်လျှင် အနည်းဆုံးကျပ်သုံးသိန်းခန့် ကုန်ကျနေ သည့်အတွက် အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။ အဝေးသင်ဖြေဖို့ကျူရှင်က သေချာ ပေါက်တက်ရတယ်၊ အနီးကပ်ဆယ်ရက်တင်ရုံနဲ့ ဘယ်လိုမှ အောင်နိုင်ဘူး။ အဲ့ဒီဆယ်ရက်မှာက lesson plan အပြည့်မသင်နိုင်ဘူး။ ကျူရှင်လခက အနည်းဆုံးငါးသောင်း၊ အဆောင်စရိတ်စားစရိတ်နဲ့ ဆိုတော့ တစ်နှစ်တစ်နှစ်ကို သုံးသိန်းလောက်ကုန်တယ်" ဟု အဝေးသင်ကျောင်းသူမသင်းသင်းဦးက ပြောသည်။

မန္တလေးမြို့ အနီးတစ်ဝိုက်မှ ကျောင်းသူ၊ ကျောင်းသားများသည် မန္တလေးမြို့တွင်လာရောက် ကျောင်း တက်ကြရပြီး အဝေးသင်စာမေးပွဲကာလ အဆောင်လခများမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့် တက်လာသည်ဟု ဆိုကြသည်။

"အရင်နှစ်က တစ်လကိုနှစ်သောင်း အရမ်းကောင်းတဲ့အဆောင်မှ သုံးသောင်း။ ဒီနှစ်ကျတော့ အနည်း ဆုံးသုံးသောင်းရှိတယ်။ သုံးသောင်းအောက်အဆောင်မရှိဘူး။ နည်းနည်းကောင်းတဲ့ဆောင်ကို လေးငါး သောင်းအထိရှိတယ်။ အနည်းဆုံးနှစ်လနေရတယ်။ ပညာသင်စရိတ်မပါသေးဘူး။ နေစရိတ်အတွက် တစ်သိန်းလောက်ကုန်တယ်" ဟု ပြင်ဦးလွင်မြို့မှ လာရောက်သည့် ကျောင်းသားတစ်ဦးက ပြော သည်။

အဝေးသင်ကျောင်းသူ၊ ကျောင်းသားအများစုမှာ နေ့စဉ်တက်ရောက်ရန်အခက်အခဲရှိသည့်အတွက် ဒေးတန်းများ မတက်ရောက်ကြခြင်း ဖြစ်သကဲ့သို့ အချို့မှာလည်း ငွေကြေးအခက်အခဲများကြောင့် အဝေးသင် တက်ရောက်သင်ယူကြခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ပညာသင်စရိတ် ကြီးမားနေမှု များစွာအခက်အခဲ ဖြစ်နေရသည်ဟု သိရသည်။

လူထုပုံရိပ်သတင်းဂျာနယ်
Vol.(2), No.(1), October 4, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...