ဆေးဖိုးမတက်နိုင်လို့ ကိုယ့်ဗိုက် ကိုယ်ပြန်ခွဲစိတ်...

တရုတ်နိုင်ငံ Chongqing မြို့က Wu Yuanbi ခေါ် အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ တကိုယ်တော် စွန့်စားခန်း အဖြစ်အပျက်တခုပါ... သူမဟာ ၀မ်းဗိုက်မှာ Budd-Chiari syndrome ခေါ် ရေဖျဉ်းစွဲရောဂါကို ကာလကြာရှည်စွာ ခံစားနေရတယ်လို့ ဆိုပါတယ်... ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့တဲ့ ၁၂ နှစ်က မိသားစုက မရှိမဲ့ရှိမဲ့ စုဆောင်းထားတဲ့ ငွေနဲ့ ၀မ်းဗိုက်ထဲက ရေ ၂၅ ကီလိုကို ခွဲစိတ်ပြီး ထုတ်ခဲ့ပါသေးတယ်... အဲဒီနောက်ပိုင်း မိသားစုလည်း အတော်လည်း ဒုက္ခရောက်သွားတယ်လို့ ဆိုပါတယ်...
ယခုတစ်ကြိမ် ထပ်မံခွဲစိတ်ရရင်လည်း ဆေးဖိုး တရုတ်ယွန်းငွေ ၅၀,၀၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်... မိသားစုအနေနဲ့ အလွန်ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးစရိတ် ထပ်မံ အကုန်အကျမခံနိုင်တော့တာကြောင့် အခုလို ကိုယ့်ဗိုက်ကို မီးဖိုချောင်သုံးတဲ့ဓါးနဲ့ ကိုယ်တိုင်ပြန်ခွဲခဲ့တာလို့ ဆိုပါတယ်... အဲဒီနောက် ဆေးရုံကို အရေးပေါ် ပို့ခဲ့ရပြီး... အခုတော့ ဆေးရုံမှာ အခမဲ့ဆေးဝါးကုသမှု ခံယူနေရပါပြီ...။
Ref:whatsonningbo/Oddee/ By Ko Myo