Fix a Broken Friendship

သူငယ်ချင်း အချင်းချင်း စကားများ ရန်ဖြစ်ပြီး စိတ်ကောက် ကြပြီဆိုရင် ဘယ်လိုလုပ်ပြီး အရင် အခြေအနေကို ပြန်ပြီး တည်ဆောက် မလဲ။ ကိုယ့်ဘက် ကနေ ပြန်အဖတ်ဆယ်လို့ ရအောင် ဘယ်လို ကြိုးစား ရမလဲ။
ခင်မင်မှု ဆိုတာ ယုံကြည်ခြင်း တွေနဲ့ တည်ဆောက် ထားတာပါ။ ယုံကြည်မှု ဆိုတာ သူငယ်ချင်း ၂ယောက် ကြားမှာ ဝေမျှထား ရမှာပါ။ အ ကယ်၍ တစ်ကြိမ် တစ်ခါလောက် ယုံကြည်မှုကို ပျက်စီးစေပြီ ဆိုတာနဲ့ ခင်မင်မှုက ပျက်စီးသွား နိုင်ပါတယ်။ ခင်မင်မှုကို အရင်လို ပြန်လည် တည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင် သလောက် ခက်ခဲပါတယ်။ ဒါပေမယ့် သင်က ကြိုးစားပြီး အမှား တွေကို ပြန်လည် ပြင်ဆင်မယ် ဆိုရင် အ ရင်က ထက်ပိုတဲ့ ရင်းနှီးမှု တောင်မှ ရနိုင်ပါတယ်။

၁။ အခြေအနေကို အရင် စဉ်းစားပါ။ ဘာကြောင့် သင်တို့ စကားများ တာလည်း။ ဒါက အရေးကြီးတဲ့ ပထမဆုံး အချက် ဖြစ်ပါတယ်။ အကယ်၍ သင်က ဘာကို တောင်းပန်ရမှန်း မသိဘဲနဲ့ သွားတောင်းပန် နေရင် နောက်ထပ် စကားများဖို့ ဦးတည် နေမှာပါ။ နောက်ပြီး ဒါက ဒီပြဿနာကို နောက်တစ်ဖန် ပြန်လည် ဆိုးရွား သွားစေ နိုင်ပါတယ်။
၂။ သူ၊သူမကို စကားစ ပြောပါ။ ဒါကြောင့် သင်ဘယ်လို ခံစားနေ ရကြောင်း သူတို့ကို ပြောပြပါ။ သူတို့နဲ့ နောက်တစ်ကြိမ် သူငယ်ချင်း ပြန်ဖြစ် ချင်ကြောင်း ပြောပြပါ။ ထပ်ပြီးတော့ သူတို့ကို သင်ဘယ်လောက် ခင်မင်ခဲ့ ရကြောင်း ပြောပါ။ လိုအပ်ရင် သင်က ငိုခြင်း ဒါမှမဟုတ် ဖက်ထား ခြင်းနဲ့ သင့်ရဲ့ စိတ်အခြေအနေကို ဖော်ပြပါ။ အလွန်ကို ဆိုးရွားတဲ့ အခြေအနေ မှာတောင်မှ စကားပြော တဲ့အခါမှာ ရိုးသားစွာ မျက်နှာချင်း ဆိုင်ပြီး စကားစမည် ပြောကာ ခင်မင်မှုကို ပြန်လည် တည်ထောင်ပါ။

၃။ အစကို ပြန်ကောက်ပါ။ သူတို့နဲ့ နောက်တစ်ကြိမ် အရင်လို ပြန်လည် ခင်မင်ခွင့် ပေးဖို့ စောင့်မျှော် နေကြောင်း ပြောပြပါ။ သူငယ်ချင်း အ ချင်းချင်း စိတ်ညစ်အောင် မကျီစယ် သင့်ပါဘူး။ အမှန်တကယ် သင်က ဒီလူကို ချစ်တယ် သူ့ကို သင့်သူငယ်ချင်း အနေနဲ့ ဆက်ရှိ နေစေချင် တယ် ဆိုလျှင် သင့်ခံစားချက် များကို သူ့ဆီ တိုက်ရိုက် ဖွင့်ပြောပါ။ သင်တောင်းပန်ကြောင်း ပြောပါ။ သင့်စကားက ဘယ်လိုပဲ ဖြစ်ဖြစ် သင့်ကို အမှန်တကယ် ခင်မင်ခဲ့ သလား ဆိုတာ သူ့ဘက်က ပြန်လည် ပြောလာအောင် ပြောပါ။ ဒါက သင့်ခံစားချက်ကို ဖော်ပြဖို့ အကောင်းဆုံး စ ကားပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းခေါ်ဆိုမှုကို သူတို့ ပြန်မဖြေ ဘူးဆိုရင် သင်က မက်ဆေ့ခ်ျ ပို့တာပဲ ဖြစ်ဖြစ် စကား ချန်ခဲ့တာ ပဲဖြစ်ဖြစ် လှမ်း ပို့ပါ။ သင့်ကိုယ်သင် ဒီရန်ပွဲမှာ မမှားဘူးလို့ ထင်ရင်တောင်မှ ဒီလို တောင်းပန်မှုက အရေးကြီး ပါတယ်။ ဒါမျိုး ခံစားချက်ကို သင့်သူငယ် ချင်းလည်း ခံစားမိ နေမှာပါ။ သင့်ဘက်က အရင်စ ပြောလာတဲ့ တောင်းပန်မှုကို ကြားရတဲ့ အတွက် သင့်ကို ပြန်လည် တောင်းပန်ဖို့ ခံနေတဲ့ သူတို့ မာနကို မထိခိုက် စေတော့ပါဘူး။
၎။ သင့်သူငယ်ချင်း ဘက်ကနေ ဘာပြန်ပြော လာမလဲ ဆိုတာကို အေးဆေးစွာ နားထောင်ပါ။ သင့်သူငယ်ချင်း လုပ်တဲ့ အမှား အတွက် ဆင် ခြေ ပေးစရာ ရလာပါ လိမ့်မယ်။ အဲဒါက သင်တို့ ၂ယောက်ကို ပြေလည်အောင် ဖြေရှင်းပေးမယ့် အဖြေဖြစ် ပါလိမ့်မယ်။

၅။ ရင်းနှီး ပွင့်လင်းတဲ့ ဆွေးနွေးမှု တစ်ခုကို ဖန်တီးပါ။ ဖြစ်နိုင်မယ် ဆိုလျှင်အခြား သူငယ်ချင်း တွေနဲ့အတူ ကော်ဖီဆိုင်မှာ ထိုင်ရင်း စကား စမည် ပြောရင်း ဆွေးနွေးပါ။ ဒါမျိုး စုစည်းတာ လေးကိုတော့ အနည်းဆုံး ၃ရက်လောက် နေမှ ပြုလုပ်ပါ။ ဘာကြောင့်လည်း ဆိုတော့ ဒီကြား ထဲမှာလည်း သူစိတ်ပြောင်း သွားနိုင် လို့ပါ။ ဒါက သင့်တို့ရဲ့ ပြဿနာ အခြေအနေ အပေါ် အများကြီး မူတည် ပါတယ်။ သင့်သူငယ်ချင်း စကား ပြောချိန်မှာ သင်နားထောင်ပါ။ သင့်မှာ အမှန်တကယ် ပြောစရာ ရှိနေတယ် ဆိုရင်တောင် သင့်သူငယ်ချင်းက သင့်ကို မရိုးသား သေးဘူးလို့ ထင်နေမှာပါ။ ရင်ထဲက လာတဲ့စကားကို အေးဆေးစွာ ပြောပါ။ သင်ခံစား နေရတဲ့ ခံစားချက်ကို သူတို့လည်း ခံစားလာအောင် ပြောပြပါ။ အ ထီးကျန် ခြင်းကို သင်တို့ ကြားက ခင်မင်မှု ပျက်စီးသွား ကတည်းက ခံစားနေ ရကြောင်း ပြောပြပါ။ လေးလေးစားစားနဲ့ ပြောဆိုပါ။ ဟာသတစ် ခုကို ဖန်တီးပါ။ ဟာသ ဆိုတာ သူငယ်ချင်းတိုင်း ကြိုက်ပါတယ်။ ဟာသ ဆိုတာ ပျော်ရွှင်စေ ပါတယ်။ ဘ၀ ဆိုတာ ပျော်ရွှင်မှုတွေ ရှိသင့် ပါတယ်။ ဘ၀မှာ ပျော်ရွှင်မှုတွေ ပြည့်နေဖို့ ဆိုတာ သင့်မှာ သူငယ်ချင်း ကောင်းတွေ ရှိမှ ဖြစ်မှာပါ။ ဖိအားတွေ စတင် လျော့ကျ သွားစေပြီ ဆိုလျှင် သင့်အတွက် လမ်းစ ရပါပြီ။ ပေါ့ပေါ့ပါးပါး အခြေအနေမှာ ရှိပါစေ။ အတွေး တွေကို သတိထားပါ။ ဟာသ ကနေ ရန်ဖြစ်စေမယ့် အရာကို နောက်တစ်ခါ မရောက် စေရန် သတိထားပါ။ သူ့ကို မရည်ရွယ် ပါဘဲနဲ့ သူက ဒီဟာသက သူ့ကို ထိပါးတယ်လို့ ထင်သွား နိုင်လို့ပါ။

ု၆။ အခြေခံ ကနေ ပြန်လည် စတင်ပါ။ အနောက် တစ်လှမ်း ဆုတ်ပြီး ဝေးဝေး ကနေ အခြေအနေကို သုံးသပ် နိုင်အောင် ကြိုးစားပါ။ ဒါကလူ တစ်ယောက်ကို အကောင်းဆုံး ဝေဖန်နိုင်တဲ့ နေရာ အနေအထားပဲ ဖြစ်ပါတယ်။ သူများကို အတင်း ကြိုးစားပြီး နားလည် ပေးတာ မဟုတ် ပါဘူး။ သင့်သူငယ်ချင်းရဲ့ ဘ၀မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေနဲ့ ပတ်သတ်ပြီး စဉ်းစားပါ။ သင်တို့ရဲ့ ခင်မင်မှု ကနေ မုန်းတီးမှု အခြေအနေကို ဘာကြောင့် ရောက်သွား ခဲ့တယ် ဆိုတာကို သူ့ဘ၀ အခြေ အနေ တွေကိုပါ ထည့်စဉ်းစား နားလည် ပေးပါ။ သူ့ရဲ့ မိသားစုတွေ သူငယ်ချင်းတွေ အကြောင်းကိုပါ ထည့်ပြောရင်း နားလည်မှုတွေ တိုးတက်အောင် ကြိုးစားပါ။ အပြောအဆိုကို သတိထားပါ။ အခြား ရင်းနှီးတဲ့ သူငယ်ချင်း တွေအကြောင်း ပြောရတာလည်း သူအထာကောက် သွားနိုင် လို့ပါ။
၇။ အဖြစ်အပျက် ကနေ သင်ခန်းစာ ယူပါ။ ဘယ်တော့မှ ၀မ်းမနည်း ပါနဲ့၊ ဘာကြောင့်လည်း ဆိုတော့ ဘ၀ဆိုတာ အမှားတွေ ဖြစ်ခဲ့သမျှ ပြဿ နာ တွေကနေ သင်ခန်းစာ ယူပြီး တိုးတက်အောင် ကြိုးစားရ လို့ပါ။

၈။ သင့်သူငယ်ချင်း တွေကို သင်တောင်းပန်ကြောင်း ပြောလိုက်ပါ။ ဒါကသင်တို့ ၂ယောက် အတွက် အကောင်းဆုံး စကားစ ခြင်းပါ။ သင်ပြု လုပ်ခဲ့တဲ့ အရာကို သူက သင့်ကို ခွင့်လွှတ်သည် ဖြစ်စေ၊ ခွင့်မလွှတ်ဘူး ဖြစ်စေ သင့်ရဲ့ အခြား သူငယ်ချင်း တွေက သင့်မှာ သူ့ကို ထိခိုက်စေ တဲ့ စိတ်ထား မရှိဘူး ဆိုတာ သိသွား မှာပါ။ သင့်ရှေ့မှာ ရှိနေတဲ့ သူငယ်ချင်း တွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေး တယ်လို့ သဘောထားပြီး သင့် လမ်းသင် ဆက်လျှောက် ရမှာပါ။
၉။ တဖြည်းဖြည်းနဲ့ သင့်တို့ရဲ့ ခင်မင် ရင်းနှီးမှုကို ပြန်လည် ဖန်တီးလို့ ရပါပြီ။ သူ့ကို စကား ဖြည်းဖြည်းချင်း စပြောပါ။ အရင်လို ထွေရာလေး ပါး အရမ်း လျှောက်ပြော တာမျိုး ချက်ချင်း ကြီး မလုပ် ပါနဲ့ဦး။

ကဲပြန်ပြီး အဆင်ပြေ သွားမယ်လို့ ဆုတောင်း ပေးပါတယ်။ သူငယ်ချင်း စစ်စစ်တွေက ကြာရှည် စိတ်ဆိုးလေ့ မရှိပါဘူးနော်။
Images from paintandfootprints.files, media1.santabanta, momagama, pad2.whstatic, wikihow. Source: wikihow.com
Author Nwe Tharki
MYMC