Hiccups ကျို့ထိုးသက်သာနည်းများ



ကျို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့ Diaphragm ခေါ်တဲ့ ကြွက်ားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာ ဖြစ်တယ်။ သူ့အောက်မှာ ညာဘက်က အသဲ၊ ဘယ်ဘက်ကအစာအိမ်ရှိတယ်။ အဲဒီ ၂ ခုထဲက တခုခုမှာ တခုခုဖြစ်ရင် ကျို့ထိုးတယ်။ အများဆုံးက လေကြောင့်ဖြစ်တယ်။ တချို့မှာ အစပ်စားလိုက်တာနဲ့ ခဏလေးကျို့ထိုးတယ်။ တချို့မှာ တခါဖြစ်ရင် ရက်ဆက်ဆိုသလို ထိုးနေတယ်။ အရပ်နည်းတွေတော့ သိမှာပါ။ ဖြစ်စေတဲ့အကြောင်းကိုရှာရရင် အဲဒါကို ကုသရမယ်။ တချို့မှာ ဆေးကုရတဲ့အထိဆိုးတယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုက်နည်းက Vagus nerve ဗေးဂပ်စ် အာရုံကြောကိုသက်ရောက်စေလို့ သက်သာစေတယ်။

• အလွယ်နည်းကတော့ ခေါင်းကို လေမဝင်နိုင်တဲ့ ပလပ်စတစ်အိပ်တလုံး စွပ်ပါ။ လည်ပင်းနေရာမှာ ကိုယ့်လက်နဲ့ စုစည်းထားပါ။ အသက်ရှူပါ။ အိပ်ထဲကလေမှာ အောက်စီဂျင်ကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်သာကျန်လို့ အဲဒါကိုရှူရင် ပျောက်တယ်။
• baclofen, gabapentin, and various proton-pump inhibitors ဆေးတွေကို သုံးတယ်။
• Chlopromazine ခေါ်တဲ့ စိတ်ရောဂါကုဆေးကို အအန်ရပ်အောင်နဲ့ ကျို့ထိုးတာရပ်အောင်လဲ သုံးနိုင်တယ်။ ဆေးက အတော်အိပ်ချင်လို့ ဆေးအဆ လျှော့ပေးရတယ်။
• သိပ်ဆိုးသူတွေအတွက် Chlopromazine အပြင် Haloperidol စိတ်ဆေး၊ metoclopramide အစာလမ်းဆေးတွေ သုံးတယ်။
• gastroesophageal reflux အစာခြေရည်အထက်ဆန်တာရှိရင် အဲဒါကိုကုသပါ။
• ပေါင်မုံ့ခြောက်ဝါးခြင်း၊ ရေခဲတုံးဝါးစာခြင်း၊ လျှာကိုဆွဲထုတ်နည်း၊ သကြားရည် လျှာပေါ်၊ ဒါမှမဟုတ် လျှာအောက် တင်ပေးခြင်း၊
• phrenic nerve အာရုံကြောကို 0.5% procaine ထုံဆေးထိုးပေးနည်း၊
• bilateral phrenicotomy အဲဒီအာရုံကြောနှစ်ခုလုံးကိုဖြတ်ပြစ်ခြင်း၊
• နားထဲကို lidocaine liniment 3% or gel 2% ဆေးထည့်ပေးနည်း၊
• hypokalemia, hyponatremia ခေါ်တဲ့ဓါတ်ဆားမမျှတတာဖြစ်လို့ ဆိုးတဲ့ကျို့ထိုးတာဆိုရင် carbonated beverage ကာဗွန်ထည့်ထားတဲ့အချိုရည်တွေကို သောက်နိုင်တယ်။
• intranasal vinegar ဗနီဂါအရည်ကို နှာခေါင်းထဲထည့်နည်း၊
• deltoid muscles ပခုံးကြွက်သားကိုနှိပ်ခြင်း။

ဆရာ ကျွန်မ သမီးလေးက တစ်ခါတစ်ရံ ကျို့ထိုးတက်ပါတယ်။ အဲဒီအခါကျရင် သူအရမ်းစိတ်တိုပါတယ်။ အရင်ကတော့ ရေသောက်ရင် သက်သာတယ်ကြားဖူးလို့ ရေတိုက်ပါတယ်။ ချက်ချင်းရပ်မသွားဘူးဆရာ။ ဒါပေမယ့် တလောက facebook မှာတစ်ယောက် share ထားတာကိုကျွန်မ မှတ်မှတ်ရရ သမီးလေးကျို့ထိုးတာကို စမ်းကြည့်မယ်ဆိုပြီး မှတ်ထားလိုက်ပြီး စမ်းကြည့်တာ ချက်ချင်းရပ်သွားတယ်ဆရာ။ ကလေးနားနှစ်ဖက်ကို ကျွန်မလက်ဖ၀ါးနှစ်ဖက်နဲ့ တစ်ဖက်စီ ဖိပိတ်ထားပြီး သမီးကို ရေသောက်ချခိုင်းတယ်။ သမီးရေသောက်ပြီးမှ ကျွန်မလက်နှစ်ဖက်ကို ဖယ်လိုက်တယ်။ တကယ် ကျို့ထိုးရပ်သွားတယ် ဆရာ။ ကျွန်မသမီးလေး အသက်က ငါးနှစ်ပါ။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...