Human-Sized Salamander



အမေရိက တိုက်က ၂ ပေခွဲ အရှည် ရှိတဲ့ ရေပုတ်သင်ကြီး တွေတောင် အရှုံးပေး လောက်ရတဲ့ ရေပုတ်သင်မျိုး တွေဟာ အာရှတိုက်မှာ ရှိပြီး လူတစ်ယောက်ရဲ့ အရွယ်အစား နီးပါး ရှိတာကြောင့် လက်ထဲ ပွေ့ထားနိုင် ဖို့တောင် မဖြစ်နိုင် ပါဘူး။

လောကကြီးမှာ လူတွေ မဖော်ထုတ် ရသေးတဲ့ ထူးဆန်း တာတွေ အများကြီး ရှိပါတယ်။ ထန်းပင်လောက် မြင့်တဲ့ ဒိုင်နို ဆောတွေ၊ တောင် လောက်ရှိတဲ့ အစွယ်ရှည် ဆင်ကြီးတွေ စတဲ့ အရွယ်ကြီးမား သတ္တ၀ါကြီးတွေ ရှိခဲ့တယ် ဆိုတာပာာ မယုံနိုင် လောက်အောင်ပါပဲ။ ဒါပေမယ့် အခု အချိန် မှာလဲ အံ့သြနပန်း ကြီးမားတဲ့ သက်ရှိ ထင်ရှား သတ္တ၀ါတွေ ကျန်ရှိနေ ပါသေးတယ်။ အကယ်၍ ကျွန်တော်တို့ လူသားတွေ လောက် အရွယ် ရှိတဲ့ ရေပုတ်သင်ကြီး မျိုးတွေ ရှိတယ် ဆိုရင်ကော။



ကျွန်တော်တို့ မြင်နေကျ၊ တွေ့နေကျ ရေပုတ်သင် တွေဟာ အများဆုံး ရှိလှ ၂ ပေ လောက်သာ ရှည်ကြ ပါတယ်။ ရှည်လွန်းပါတယ် ဆိုတဲ့ အ မေရိက တိုက်က ၂ ပေခွဲ အရှည် ရှိတဲ့ ရေပုတ်သင်ကြီး တွေတောင် အရှုံးပေး လောက်ရတဲ့ ရေပုတ်သင်မျိုး တွေဟာ အာရှတိုက် တွေရဲ့ မြစ် ချောင်း တွေမှာ တိတ်တဆိတ် ရှိနေပါတယ်။ အဓိက အားဖြင့် မျိုးစိတ် နှစ်မျိုး ရှိပါတယ်။ တရုတ်ပြည်မှာ ရှိတဲ့ ၆ ပေရှည်တဲ့ အကောင်မျိုးရယ်၊ နောက်တစ်မျိုး ကတော့ ဂျပန်ပြည်က ၅ ပေလောက် ရှည်တဲ့ အကောင် မျိုးပါ။ ရေပုတ်သင်နှစ် မျိုးလုံးဟာ လူတစ်ယောက်ရဲ့ အရွယ်အစား နီးပါး ရှိတာကြောင့် လက်ထဲ ပွေ့ထားနိုင် ဖို့တောင် မဖြစ်နိုင် ပါဘူး။ ဒီကုန်းနေ ရေနေ သတ္တ၀ါမျိုး တွေဟာ ဒီလောက် ကြီးနေပြီး တခြားသော ဆိုး ကျိုး မရှိတော့ ဘူးလား ဆိုတာက စဉ်းစားစရာ ပါပဲ။ University of California ကဇီဝဗေဒ ပညာရှင် David Wake ကတော့ ဒီရေပုတ်သင် မျိုးတွေဟာ ပုံမှန်အရ ဆိုလည်း ဒီလိုမျိုး ကြီးထွား ကြပေမယ့် သူတို့ဟာ အထီးလည်း အထီးလည်းကောင်း၊ အမလည်း အမလည်းကောင်း၊ ပြီးပြည့်စုံတဲ့ အခြေအနေကို လုံးဝ မရောက်နိုင် ပါဘူးတဲ့။



သူတို့ရဲ့ အဓိက အစာကတော့ ငါး ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အမြင်အာရုံ မရှိပေမယ့် စူးရှတဲ့ အနံ့ခံ အာရုံ ရှိတာကြောင့် တစ်ကြောင်း၊ အရေ ခွံ ပေါ်မှာ ရေထဲ တုန်ခါမှု တွေကို ခံစားနိုင်တဲ့ အင်္ဂါတွေ ရှိတာကြောင့် တစ်ကြောင်း အစာကို ဖမ်းယူ စားသောက် ရာမှာ အခက်အခဲ မဖြစ်လှပါ ဘူး။ သူတို့ရဲ့ ပါးစပ် အပေါ်ပိုင်းမှာ သွားတွေ ပိုရှိပြီး သွားတွေဟာ အရွယ်အစား သိပ်မကြီး လှပါဘူး။ ဒါပေမယ့် သူတို့ အမဲလိုက် ပုံက စတိုင် ကျလှပါတယ်။ အစာလာရာ လမ်းကြောင်းမှာ ပါးစပ်ကို ဟထား စေခြင်းဖြင့် ဘေးပတ် ၀န်းကျင်က ရေရော၊ အစာပါ အလိုလို ပါးစပ်ထဲ စုတ် သွင်း သလိုမျိုး တိုးဝင်လာပါတယ်။



ဒီရေပုတ်သင်မျိုး တွေဟာ အစားစား ရာမှာသာ စတိုင်ကျတာ မဟုတ်ပါဘူး၊ တခြားနေရာ မှာလည်း စနစ်ကျပါတယ်။ အများအားဖြင့် အမတွေ ဥဥဖို့ အထီးတွေက ခပ်ရှည်ရှည် အနေအထားရှိတဲ့ အခေါင်းပေါက်တွေ ပြုလုပ် ပေးကြပြီး ဥဥပြီး နောက်ပိုင်းမှာပါ အထီးတွေက သေချာစောင့် ကြပ်ပေးတာ စနစ်ကျ လွန်းပါတယ်။ ဒီလို အသိုက်ဆောက်တဲ့ အထီးတွေကိုတော့ "den-masters" လို့ မှော်ဆန်ဆန် နာမည်နဲ့ ခေါ်ကြပေ မယ့် ဘာမှတော့ တကယ် မှော်မဆန် ပါဘူး။ သူတို့မှာ ထူးဆန်းတဲ့ စရိုက်ရှိသလို ဆန်းကျယ်တဲ့ သဘာဝ တွေလည်း ရှိပါသေးတယ်။ ဂျပန်က ရေပုတ်သင်တွေကို ငရုတ်ကောင်း နံ့လို အနံ့ရှိတဲ့ အရည်ဖြူတစ်မျိုး ထုတ်လေ့ ရှိတာကြောင့် "pepper fish" လို့ခေါ်ဝေါ်ကြပြီး တရုတ် ပြည်မှာတော့ ကလေး တစ်ယောက်လို အသံပြု လေ့ရှိတာ ကြောင့် "infant fish" လို့ ခေါ်တွင် ကြပါတယ်။ ဂျပန်ပြည်က ရေပုတ်သင်ရော၊ တရုတ်ပြည်က ရေပုတ်သင်ကပါ အသက်ရှု တဲ့အခါ သူတို့ရဲ့ အရေပြားကို အသုံးချ ကြပါတယ်။ ထူးထူးဆန်းဆန်း ပါပဲ။ သူတို့ အရေပြားဟာ ငါးတွေရဲ့ ပါးဟပ်လို အောက်ဆီဂျင်ကို ဆုတ်ယူ၊ စွန့်ထုတ် နိုင်ပါတယ်တဲ့။



အံ့သြစရာ ကောင်းတာ ကတော့ ဒီရေပုတ်သင်တွေရဲ့ ဘိုးဘွားတွေဟာ လူမျိုးစိတ် တွေနဲ့ နီးစပ် ပါတယ်တဲ့။ ကြားရတာ တစ်မျိုး ဖြစ်ပေမယ့် ဇီဝဗေဒ ပညာရှင် Wake ရဲ့အဆိုအရ စူးစမ်း ရှာဖွေသူ Homo diluvii testis စတင် တွေ့ရှိခဲ့ပြီး ဒီရေပုတ်သင်တွေရဲ့ မျိုးစိတ် တူတဲ့ Andrias scheuchzeri ရေပုတ်သင်တွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဟာ လူတွေရဲ့ ရုပ်ကြွင်းနဲ့ နည်းနည်း ဆင်တူ တယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်မှု လို့ဆို ရမလားတော့ မသိပါဘူး။ Homo diluvii testis ဟာ "human witness of the deluge" လို့အဓိပ္ပါယ် ရပြီး အခုရေပုတ်သင်ကြီး တွေရဲ့ မျိုး စိတ်အမည် Andrias ဟာ "image of a man" လို့ အဓိပ္ပါယ် ရပါတယ်တဲ့။



ဒီရေပုတ်သင်တွေ လူမျိုးစိတ်နဲ့ နီးစပ်၊ မနီးစပ် ဆိုတာ မသေချာ ပေမယ့် လူတွေ ကြောင့်တော့ သူတို့ ဒုက္ခ ရောက်နေရပါပြီ။ ဒီရေပုတ်သင် တွေရဲ့ အရေအတွက်ဟာ လူတွေပြုလုပ်တဲ့ သဘာဝ ညစ်ညမ်းမှု ကြောင့်လည်းကောင်း၊ ဆေးဖက်ဝင် အကောင်ပလောင်များ အဖြစ် ဖမ်းဆီး သတ်ဖြတ်မှု ကြောင့်လည်းကောင်း၊ အစားအစာ အဖြစ် တရားလွန် စားသောက်မှု ကြောင့်လည်းကောင်း တဖြည်းဖြည်း ကျဆင်းလာ နေပါ တယ်။ တရုတ်ပြည် မှာဆိုရင် မွေးမြူခြံ တွေနဲ့ လှောင်ထားပြီး တစ်ပေါင်ကို ဒေါ်လာ ၅၀ နှုန်းနဲ့တောင် ရောင်းစား နေတာ ဈေးကွက်လို ဖြစ်နေ ပါပြီ။ လူသားတွေဟာ တစ်ခုခုကို ချစ်တယ် ဆိုရင် လွတ်လပ် စေခြင်း အားဖြင့် ချစ်ခြင်းကို ဖော်ပြသင့် ပါတယ်။ ချစ်လှ ပါတယ် ဆိုပြီး သတ္တ၀ါ တွေကို လှောင်အိမ် ထဲမှာ အကျဉ်းချ ထားခြင်းဖြင့် ချစ်ခြင်းကို ဖော်ပြ တာဟာ မှားယွင်းတဲ့ အယူအဆပါ။ ဒီရေပုတ်သင်မျိုး တွေဟာ လူတွေ ကို အန္တရာယ် မပေးသော ကြောင့်လည်း သဘာဝကို ချစ်မြတ်နိုးတဲ့ မိတ်ဆွေများ အနေနဲ့ သဘာဝ ဖြစ်စဉ်များ အတိုင်း ရှိနေစေ ခြင်းဟာ သူ တို့ကို ချစ်ခြင်းဖြင့် စောင့်ရှောက်ခြင်း ပါပဲဆိုတာ အသိပေး လိုက်ပါရ စေဗျာ။

Images from wired. Source: wired.com
Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...