Hypothyroid in Children လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာာလဖြစ်


Facebool about an hour ago 1-10-2013
ဆရာရှင့်‌ ‌ကျေးဇူးပြုပြီးသမီးရဲ့‌မေးခွန်းကို‌ဖြေကြား‌ပေးပါ‌နော်။ သမီးအရမ်းစိတ်ပူ‌နေလို့ပါ။ သမီးရဲ့ တူ‌လေးဟာ ‌မွေးကတဲက အသား‌ရောင်ဝါ‌နေပါတယ်။ နို့လဲစို့နိုင်ပါတယ်။ တခြားပြသနာမရှိပါဘူးရှင်။ အခု ၂ လ ပြည့်‌တဲ့အထိ က‌လေးက အသားဝါ‌နေလို့ ဆရာဝန်က‌သွေးစစ်၊ ဆီးစစ်၊ ultrasound ရိုက်ပါတယ်။ က‌လေး အထူးကု ဆရာဝန်က hypothyroid ဖြစ်တယ်လို့‌ ပြောပါတယ်။ အဲ့ဒီ ‌ရောဂါက လူ ၄ဝဝဝ မှာ ၁ ‌ယောက်‌ဖြစ် တယ်‌‌ပြောပါတယ်။ အဲဒီ‌ရောဂါ အ‌ကြောင်း သိချင်ပါတယ်။ ကုသရင်‌‌ ပျောက်ကင်းနိုင် ပါသလားဆရာ။ ဘာ‌တွေဖြစ်နိုင်‌‌သေးလဲဆိုတာသိချင်လို့ ကူညီ ‌ဖြေကြား‌ပေး‌စေချင်ပါတယ်။

• ကလေးငယ်တွေမှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါကို မိဘတိုင်းက စိုးရိမ်ကြမှာ အမှန်ပါ။ ကလေး အထူးကု Pediatric endocrinologist ကနေကောင်းကောင်း လမ်းညွှန်ကုသပေးနိုင်ပါတယ်။
• လည်ပင်းကြီးဟော်မုန်းဟာ အလွန်အရေးပါတယ်။ ကလေးတွေအတွက်ဆိုရင် ကြီးထွားဟော်မုန်း ထုတ်ပေးလို့ ကြီးထွားမှုကို ထိခိုက်နိုင်တယ်။
• အသက်ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တယ်။ ကျား-မ မရွေးလဲဖြစ်တယ်။
• ပြဿနာပေါ်နိုင်တာက အရွယ်ရောက်ချိန်မှာဖြစ်တယ်။
• ဘာလို့ဖြစ်သလဲ အချက် ၂ ခုရှိတယ်။
• (၁) Congenital defects မွေးရာပါချို့ယွင်းချက် စောစောသိတာကောင်းတယ်။
• (၂) Inhibition of the production of thyroid hormone တွေဖြစ်ကြတယ်။ လည်ပင်းကြီးနေရာကို ထိခိုက်မိတာနဲ့ (အိုင်အိုဒင်းး) ဓါတ်ဆားနည်းတာကြောင့်ဖြစ်ရတယ်။
• ကလေးမှာ ဘာတွေခံစားရမလဲ
- Fatigue အားယုတ်၊ Depression symptoms စိတ်ဓါတ်ကျ၊ Weight gain ကိုယ်အလေးချိန်တက်၊ Dry nails လက်သည်း-ခြေသည်းခြောက်၊ Constipation ဝမ်းချုပ်။
- Delayed onset of puberty အရွယ်ရောက်တာနောက်ကျမယ်။ အရပ်ပုနိုင်တယ်။
-  Depressive symptoms စိတ်ဓါတ်ကျတယ်ဆိုတာ ကလေးက တခြားကလေးထက်ထူးပြီး မျက်ရည်တွေကျပြီးငိုမယ်။ ငိုင်နေမယ်။ စိတ်တိုနေမယ်။
• ဘယ်လိုကုသမလဲ Thyroid hormone ဟောမုန်းဆေးပေးရမယ်။ တသက်လုံးလိုမယ်။
• ကံဆိုးတဲ့အထဲမှာ ကံကောင်းတယ်လို့ အောက်မေ့ပါ။ ကလေးငယ်ငယ်လေးနဲ့သိလို့ ကလေးအထူးကု ဆရာဝန်ကိုလဲ ကျေးဇူးတင်သင့်တယ်။ နည်းနေတဲ့ ဟော်မုန်းကို ဆေးဖေါ်ပြီးသားရှိတာ ကံကောင်းပြန်တယ်။ ဆေးပေးနေရင် အထက်မှာ ရေးခဲ့တာတွေကို ကလေးဟာ အနည်းဆုံးကိုသာ ခံစားရပြီး တခြားကလေးတွေလိုဘဲ ကြီးထွားသန်မာ၊ အရွယ်ရောက်၊ ပညာတွေလဲ သင်ယူတတ်မြောက်ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...