Hypothyroidism in infants and children လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၂)


Facebook 6 hours ago3-10-2013

Saya our family is seriously worried for him. Can he grow up normally like others? I have seen that kind of children photos on the web. My brother and his wife didn’t get child for 5 years. At first the OG said they can’t get child because my bro produces very few number of sperm. This boy is the gift from god. Should they try to get another child? Can another child be the same again? The doctor lets our boy check the blood again to confirm. But the same results! Can he ve cured in time? How much probability for him? Can he learn? He is the only one generation for us. Please answer openly Saya.

ကလေးငယ်လေးတွေမှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါက ကလေး ၃ဝဝဝ နဲ့ ၄ဝဝဝ မှာ တယောက်ဖြစ်တယ်။

(၁) Congenital Hypothyroidism မွေးရာပါလည်ပင်းကြီးဟော်မုန်းနည်းရောဂါဟာ အဲဒီရောဂါရှိသူတွေရဲ့ ၉ဝ% ရှိတယ်။
(၂) မွေးရာပါမဟုတ်တဲ့ အကြောင်းတခုက Hashimoto’s thyroiditis ဖြစ်တယ်။ ခုခံစနစ် ကမောက်ကမ ဖြစ်တဲ့ရောဂါ ဖြစ်တယ်။ Transient Form ခဏဘဲဖြစ်တဲ့ အမျိုးအစားခေါ်တယ်။ ၁ဝ% ရှိတယ်။ မိခင်မှာ ကိုယ်ဝန်ဆောင်တုံးက Graves' Disease (hyperthyroidism) ရှိနေခဲ့လိုဖြစ်ရတယ်။ ရောဂါရှိတဲ့ မိခင်က ဆေးကုနေရင် ကလေးအတွက် စိုးရိမ်စရာမလိုပါ။ ဒီအမျိုးအစား ကလေးမှာဖြစ်ရင် အချိန်ကြာတာနဲ့ ကောင်းသွားတယ်။
(၃) Acquired Hypothyroidism နောက်မှဖြစ်လာတာမျိုးဖြစ်တယ်။ Hashimoto's disease လို့ ခေါ်တယ်။ ပလေး အရွယ်ရောက်ချိန်မှာ ပေါ်တာများပြီး၊ မိန်ကလေးတွေမှာပိုဖြစ်ကြတယ်။

ရောဂါသေချာအောင် ဆေးစစ်ခြင်း -
ဒီရောဂါ မွေးရာပါဖြစ်ရင် ဘာမှ မသိသာသေးပါ။ မွေးပြီး ၃ ရက်လောက်နဲ့သိနိုင်ရင်ဆော့ အကောင်းဆုံးဖြစ်တယ်။ ကလေးတိုင်းကို မွေးပြီးမကြာခင် သွေးဖေါက်စမ်းသပ်စစ်ဆေးတာမျိုးကို ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာသာ လုပ်နိုင်တယ်။ PKU စမ်းသပ်နည်းလုပ်ပြီး ဒီရောဂါ စစ်တယ်။ Phenylketonuria (PKU) အပြင် Galactosemia ရောဂါနဲ့ Congenital hypothyroidism မွေးရာပါ လည်ပင်းကြီးဟော်မုန်းနည်းရောဂါတွေကို သိနိုင်မယ်။ T4 hormone တမျိုးတည်းနဲ့ ဒါမှမဟုတ် TSH hormone ပါ များနေမယ်။ ခြေထောက်နဲ့ ဒူးကို ဓါတ်မှန်ရိုက်ကြည့်ရင် ဖွံဖြိုးမှု နည်းနေတာ တွေ့နိုင်တယ်။ Thyroid gland လည်ပင်းကြီး အကျိတ်ကို (စကင်) လုပ်ရင်လဲ တွေ့မယ်။ သူ့နေရာမှာရှိရဲ့လား၊ အသွင်ပုံပန်း မှန်ရဲ့လား၊ လုံးဝကိုမရှိဘူးလား သိမယ်။

ဆေးမကုဘဲထားရင် -
ငယ်ထိပ်ကြီးမယ်၊ မွေးကာစ အသားဝါနေတာကြာမယ်၊ ချက်စူနေမယ်၊ ကြီးသွားပေါက်တာ နောက်ကျမယ်၊ ငိုသံ-အသံသြမယ်၊ လျှာကြီးပြီး အပြင်ထွက်မယ်၊ စကားပြော နောက်ကျမယ်၊ ဆံပင်ခြောက်သွေ့နေမယ်၊ လက်သည်း-ခြေသည်း မာကြောမယ်၊ အရေပြားခြောက်မယ်၊ မျက်နှာဖေါမယ်၊ အအေးမခံနိုင်ဘူး၊ ခြေလက်အေးနေမယ်၊ ဝမ်းချုပ်မယ်၊ အစာစားချင်စိတ် နည်းမယ်၊ အစာမျိုချရတာ ခက်မယ်၊ စိတ်ဓါတ် ကျမယ်၊ လိင်ပိုင်းဆိုင်ရာဖွံထွားမှု နောက်ကျနိုင်တယ် (တချို့မှာစောတယ်)၊ အားယုတ်မယ်၊ မေ့တတ်မယ်၊ ဖွံထွားမှုကို သက်ရောက်ခံရမယ်၊ ကြွက်သားတွေ အားနည်းမယ်၊ အဆစ်တွေ နာမယ်၊ စိတ်-ဥာဏ်ဖွံထွားမှု နှေးကွေးမယ်၊ စိတ်မူပြောင်းလဲတာ ဖြစ်မယ်၊ ကိုယ်အလေးချိန် တက်မယ်၊ စာသင်ယူတတ်မြောက်တာ နောက်ကျမယ်၊ လည်ပင်းကြီးမယ်။

ဘယ်လိုကုသမလဲ -
ဘယ်ကနေ ဘာကြောင့်ဖြစ်ဖြစ် ကုသနည်းက အတူတူဘဲ။ Thyroid replacement hormone treatment လည်ပင်းကြီး ဟော်မုန်းဆေးကို နေ့တိုင်းသောက်စေမယ်။ 25 and 50 mcg/day ကနေစပေးတယ်။ ၄ ပါတ်ဆိုရင် ပုံမှန်အဆင့် ရလာမယ်။ ကလေးဟာ ဆရာဝန်နဲ့ မပြတ်ပြနေရသူဖြစ်တယ်။ Armour, Synthroid, Thyrolar, Levoxyl စတဲ့ ဆေးနာမယ်တွေနဲ့လာတယ်။ Levothyroxine ဆေးဟာ thyroxine (T4) ဖြစ်တယ်။ Synthroid နာမည်နဲ့ ဆေးလာတယ်။ Unithroid, Levoxyl, Levo-T's နာမည်သစ်တွေလဲတိုးလာတယ်။

ဆေးကို တသက်လုံး သောက်နေရမယ်။ ဘေးထွက်-ဆိုးကျိုး မရှိပါ။ သူ့မွေးချင်းတွေထက် နောက်ကျနေပေမဲ့ ဟော်မုန်း မှန်လာတာနဲ့ အမီလိုက်နိုင်မယ်။ ကြာရင် သူလိုကိုယ်လိုကလေး ဖြစ်လာပါမယ်။ အဲလိုမျိုး ကလေးတယောက် မွေးဘူးတဲ့ မိခင်ကနေ နောက်ကေလးမွေးရင် ၂၅% အဲလိုကလေးမျိုးဘဲ မွေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃-၁ဝ-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...