Windows Phone ပေါ်တွင် QR Code စနစ်ကို အသုံးပြုခြင်း

အတွဲ (၁၄)၊ အမှတ် (၃၇)


Windows Phone အသုံးပြုသူများ အတွက်လည်း Android, iOS တို့ကဲ့သို့လို QR Code စနစ်ကို အသုံးပြုနိုင်ပါတယ်။ QR Code ကိုအသုံးပြုခြင်းဖြင့် သင့်မိုဘိုင်းဖုန်းထဲကနေ ဓာတ်ပုံကိုပဲဖြစ်ဖြစ်၊ စာကို ပဲဖြစ်ဖြစ်၊ အင်တာနက် စနစ်ပဲဖြစ်ဖြစ် QR Code စနစ်နဲ့ အသုံးပြုပြီး သင့်သူငယ်ချင်း မိတ်ဆွေတွေ ထံကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

QR Code ဟာ Point စနစ်တွေနဲ့ သင့်ရဲ့ဓာတ်ပုံ၊ စာသားတွေနဲ့ Web URL တွေကို အလွယ်တကူ ပေးပို့နိုင် သလို အလွယ်တကူလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ QR Code ကို အသုံးပြုဖို့အတွက်ဆိုရင် သင့် Windows Phone 8 ရဲ့ Search မှာ Tab ပြုလုပ်ပြီး၊ Vision ကို Tab ထပ်မံပြုလုပ် လိုက်တယ်ဆိုရင် QR Code စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးပြီဆိုရင် သင့်ထံပို့လာတဲ့ QR Code ကို Scan ဖတ်ပြီး အထဲမှာထည့်သွင်း ထားတာတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ QR Code ဟာပိုမို လုံခြုံတဲ့အတွက် အမှတ်တမဲ့ အနေနဲ့ဆိုရင်တော့ သင့်ရဲ့ဓာတ်ပုံတွေကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ Market Place မှာတော့ QR Code App များစွာကို ရယူနိုင်မှာဖြစ်ပါတယ်။

-သီဟ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...