IP address အကြောင်းသိကောင်းစရာ

computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံး ဖို့လိုအပ်ပါ တယ်။ အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။ ကျွန်တော်တို့ လူတွေမှာလည်းဘာသာ စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့် Internet ကိုချိတ်မယ်ဆိုတဲ့ computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ သုံးဖို့လိုပါတယ်။
TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address တစ်ခုမဖြစ်မနေ သက်မှတ်ဖို့လိုပါ တယ်။ IP address မှာ Version4နဲ့ Version6 ဆိုပြီး နှစ်မျိုးရှိပါတယ်။ V4 က 32bits နဲ့ အလုပ်လုပ်ပြီး V6 ကတော့ 128bits နဲ့ အလုပ်လုပ်ပါတယ်။ ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။ ( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့
machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။ ( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာ သာ အပြန်အလှန် ဆက်သွယ်နိုင်တဲ့ address မျိုးပါ။ ဥပမာ -Class D address ရဲ့ Group1 မှာ computer 5 လုံး၊ Group 2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2 ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့ မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ် Network Address, Host Address IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်း ပါပါတယ်။ Network Address ဆိုတာ Host တွေကိုပေါင်းစည်းထားတဲ့ address အစုအဝေးတစ် ခုဖြစ်ပြီး၊ HostAddress ဆိုတာတော့ Network ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ် Network Address, Host Address IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်း ပါပါတယ်။ Network Address ဆိုတာ Host တွေကိုပေါင်းစည်းထားတဲ့ address အစုအဝေးတစ် ခုဖြစ်ပြီး၊ HostAddress ဆိုတာတော့ Network ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ်
IPV4 မှာ 32bits နဲ့ အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်ဆွေးနွေးပြီးပါပြီ။ အဲဒီ32bits ကို 8bits စီ၊ 8bits စီ အပိုင်းလေးပိုင်းခွဲပြီး အလုပ်လုပ်ပါတယ်။ တကယ်တမ်း bits တွေနဲ့ အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊ ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1 .100)တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်းနဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေ ခံရေးပါတယ်။ 8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း ( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း ( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။ အဲဒီ 127တစ် ပိုင်းလုံးကို အသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့ ခေါ်ပါတယ်။ အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။ local machine address ဆိုတာ computer နဲ့ သက်ဆိုင်တဲ့ ၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။ ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ - လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊ ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့ (စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်စတဲ့ နာမ်စားတစ်ခုနဲ့ ကိုယ်စားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol သုံးပြီး Network ချိတ်တဲ့ computer တိုင်းမှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်ကိုယ့် computer ကို ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။ အလွယ်ပြောရင်တော့ computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ အလုပ်လုပ်နိုင် မလုပ်နိုင်၊ NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။
ကျွန်တော် network အကြောင်းကိုလေ့လာနေဆဲ လူတစ်ယောက်အနေနဲ့ ကျွန်တော် IP address အကြောင်းကိုလေ့လာရင်း တွေ့လို့ ပြန်လည် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။