ကွေးကောက်မျက်နှာပြင်ဖြင့် LG Z



ကွေးကောက်နိုင်သော ပျော့ပြောင်းမျက်နှာပြင်နဲ့ စမတ်ဖုန်း ထုတ်မှာက Samsung တို့ပဲ မဟုတ်ပါဘူး။ တောင်ကိုရီးယား တစ်နိုင်ငံတည်းက ထွက်တဲ့ LG ကလည်း ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကို တောင်ကိုရီးယား နည်းပညာ ဝဘ်ဆိုဒ်တစ်ခု က ပြသသွားခြင်း ဖြစ်ပါ တယ်။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး Entertainment Utility တစ်ခု ဖြစ်လာမယ်လို့ ဆိုထား ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ၊ ဂိမ်းဆော့တဲ့ အခါ ယင်းကွေးကောက် နိုင်မှု က အသုံးဝင်လာမှာမို့ပါ။ အတွင်းက Specification ကတော့ LG တိ့ နောက်ဆုံး မိတ်ဆက်ထားတဲ့ LG G2 နဲ့ အတူတူပဲလို့ ဆိုပါတယ်။ quad-core Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီး အခြားသော Graphic , Memory တို့ကလည်း အတူတူပဲ လို့ ဆိုပါတယ်။

Android OS ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ LG Z လို့အမည်ပေး ထားတဲ့ ယင်းဖုန်းကို CES အမှီ LG တို့ မိတ်ဆက် ပြသနိုင်ချေ ရှိကြောင်း သိရပါတယ်။

Ref: pocketlint
အောင်ခမ်း (TSJ Team)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...