Martin Jetpack

ကျွန်တော်တို့ ရုပ်ရှင်တွေ ထဲမှာသာ အများဆုံး တွေ့ရလေ့ ရှိတဲ့ မိုးပျံ ကျောပိုးအိတ် (jet pack) ကို New Zealand အ ခြေ စိုက် Martin Aircraft Company ကနေ ၂၀၁၄ မှာစတင် ရောင်းချ တော့မှာ ဖြစ်ပါတယ်။
The Martin Jetpack လို့အမည် ပေးထားတဲ့ jetpack ကို design ပိုင်းပြန်လည် ပြောင်းလဲ ပြင်ဆင်ပြီး P12 prototype အနေနဲ့ ပြန်လည် ထုတ်လုပ် တာ ဖြစ်ပါတယ်။ P12 ဟာ Class 1 microlight အနေနဲ့ လူပါဝင်တဲ့ အစမ်း ပျံသန်းမှု ပြုလုပ်ရန် ခွင့်ပြုချက် ရရှိပြီးပါပြီ။ Class 1 microlight ဆိုတာဟာ glider တွေနဲ့ တစ်ယောက်စီး အနိမ့်စား လေယာဉ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ၂၀၁၄ နှစ်လယ်ပိုင်း လောက်မှာ ပထမဆုံး စီးပွားဖြစ် ရောင်းချ ပေးမယ့် jetpack တွေကတော့ ကယ်ဆယ် ရေး လုပ်ငန်းတွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ တွေအတွက် ဖြစ်မှာပါ။ တစ်ဦးချင်းစီ အတွက် ရောင်းချမှု ကိုတော့ အဆိုပါ အဖွဲ့ အစည်း တွေကို ရောင်းချပြီး မကြာခင် မှာပဲ စတင်မယ်လို့ ဆိုပါတယ်။ Martin Aircraft Company ရဲ့တည်ထောင်သူ ဖြစ်တဲ့ Glenn Martin ဟာ Martin Jetpack ကိုတီထွင်ဖို့ ကြိုးစား နေတာ နှစ်ပေါင်း ၃၀ကျော် ခဲ့ပါပြီ။ P12 ဆိုတာဟာ ၁၂ခုမြောက် prototype ကိုခေါ်တာပါ။ စစခြင်း မှာတော့ မိသားစု ဂိုထောင် ထဲမှာ တစ်လကို NZ$ 20 လောက်နဲ့ ညပိုင်း တွေပဲ လုပ်ခဲ့ပေမယ့် ၂၀၁၀ ကစပြီးတော့ စီးပွားဖြစ် ရောင်းချ နိုင်ဖို့ စတင် ကြိုးစားခဲ့ ပါတယ်။
ခု P12 ကိုရောက်ရှိတဲ့ အခြေအနေ အရတော့ Martin ရဲ့အိမ်မက်ဟာ လက်တွေ့ အကောင် အထည် ဖော်နိုင် တော့မှာ ဖြစ်ပါတယ်။ Martin Aircraft Company ရဲ့ CEO Peter Coker ရဲ့အဆို အရတော့ အခု နောက်ဆုံး prototype ဖြစ်တဲ့ P12 ဟာသူ့ အရင် prototype ထက် အများကြီး အဆင့်မြှင့်တင် ထားတယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ် ချက်တွေ အရတော့ အများဆုံး အမြန်နှုန်း 74 k/m (46mph) ရှိပြီး ပုံမှန် ကတော့ 56 k/m (35 mph) ရှိပါတယ်။ ဆီအပြည့် ဖြည့်ထားမယ် ဆိုရင် မိနစ် ၃၀ခန့် မောင်းနှင်လို့ ရမှာဖြစ်ပြီး ခရီး အကွာအဝေး ကတော့ 30km (20 mil) ထိသွားနိုင် မှာပါ။ ပျံသန်း နိုင်မယ့် အမြင့်ကတော့ 3000ft (900m) ဖြစ်ပြီး သူ့ရဲ့ အရေးပေါ် ကယ်ဆယ်ရေး စနစ် အလုပ်လုပ် နိုင်ဖို့အတွက် အနည်းဆုံး 500ft (150m) အမြင့်ကနေ ပျံသန်း သင့်တယ်လို့ ဆိုပါတယ်။ လက်ရှိ အနေနဲ့ ကတော့ ပျံသန်းမယ့် pilot တစ်ယောက် အတွက် jetpack ရဲ့ကျယ်လောင် လှတဲ့အသံကို ကာကွယ် ပေးနိုင်ဖို့ လိုအပ်ပြီး နောက်ထပ် အနေနဲ့ ဦးထုပ်၊ လည်စွပ်၊ ဖိနပ်နဲ့ မီးဒဏ်ခံ ၀တ်စုံတို့ လိုအပ် ပါတယ်။ Martin အနေနဲ့ဒီ jetpack ကို $100,000 နဲ့ရောင်းချဖို့ မျှော်လင့် ထားပြီး tax တွေ shipping fees တွေပါ ပေါင်းထည့်မယ် ဆိုရင်တော့ $150 – 200K လောက်ကျသင့် မှာပါ။ Martin Company ဟာအခုဆိုရင် အကြို အမှာစာ တွေကို စတင် လက်ခံ နေပါပြီ။ မဝေးတော့တဲ့ အနာဂတ်မှာ သာမန် ရိုးကျ လေယာဉ် ပုံစံတွေ ကနေ ခွဲထွက် ထားတဲ့ Martin Jetpack တွေကို စတင် အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။
Source and Images from Gizmag
AuthorJoker

MYMC