Measles ဝက်သက်ရောဂါ
ဆရာ ကူညီပါဦး။ သမီးလေးက ဒီလကုန် ၃ဝ ရက်နေ့ဆို ၉ လ ပြည့်ပါမှာပါ။ စနေနေ့ညက အဖျားဝင်လာတာ တနင်္ဂနွေနေ့မှာ ပါရာစီတမော အရည် မနက်ည နှစ်ခါတိုက်ပါတယ်။ တနင်္လာနေ့ မသက်သာပဲ အပူချိန် 101F နဲ့ ဝမ်းသွားပြီးအန်တာနဲ့ ဆေးရုံသွားပြပါတယ်။ FLU CLINIC ကိုလွှတ်ပါတယ် ပါရာစီတမောနဲ့ ဓာတ်ဆားထုပ် ပေးလိုက်တယ်။ အင်္ဂါနေ့ အဖျားပျောက်သွားတယ်။ မျက်နှာမှာ အနီစက်လေးတွေ ပေါ်လာလို့ ဖုန်းဆက်မေးကြည့်တော့ တစ်နှစ်အောက်ကလေး ဖျားပြီးရင် ပေါ်လာတတ်တယ်တဲ့ သူ့ဘာသာ ပျောက်သွားမယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်လဲကျရော တစ်ကိုယ်လုံးအနီတွေအပြည့်ပဲ ခြေလက်ဖမိုး အားလုံးနေရာလွတ်မကျန် ပေါ်လာတယ်။ ညကျတော့ သနပ်ခါးလူးပေးတယ်။ ဒီတိုင်းပဲမပျောက်ဘူး။ ဘာဆက်လုပ်ရမလဲဆရာ။ ဓာတ်ပုံပါ ပို့ပေးလိုက်တယ်ဆရာ။ ဖုန်းနဲ့ ရိုက်တာဆိုတော့ သေသေချာချာတော့ မသဲကွဲဘူး ဖုလေးတွေမဟုတ်ပဲ အနီပြင်စက်လေးတွေ အရေပြားပေါ်ကို ဖုပြီးမထွက်ပါ။
Measles ဝက်သက်ရောဂါကို Rubeola ကို ဂျာမန်ဝက်သက်လို့ခေါ်ပါတယ်။။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ ပိုးပါတဲ့အရည် လူနာရဲ့ နှာခေါင်း-ပါးစပ်ကနေ တခြားလူရဲ့ အသက်ရှူလမ်းက ဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေစပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။
လက္ခဏာများ
ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊ မျက်စိနာမယ်။ အစားပျက်မယ်၊ အနီရောင်အစက်တွေထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတယ်။ တတိယနေ့မှာ ပေါ်လာတဲ့အနီစက်လေးတွေကို Koplik's spots လို့ခေါ်တယ်။ ပါးစပ်ထဲမှာလဲ ပေါက်တတ်တယ်။ နားနောက်နားမှာစတွက်တယ်။ ယားမယ်။ နီရာကနေညိုပြီး ၄-၈ ရက်အထိ ကြာနိုင်တယ်။ တိတိကျကျဆိုရင် ၄ ရက် ဖျားတယ်။ နူမိုးနီးယားနဲ့ နားကိုက်တာလဲ ဆက်ဖြစ်တတ်တယ်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာ ရောင်တာ ဖြစ်နိုင်တယ်။ ရှားပါတယ်။ အသက်ကြီးမှ ဝက်သက်ပေါက်ရင် ပိုဆိုးတယ်။
ကုသရန်
ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာ ကုပါ။ Ibuprofen နဲ့ Acetaminophen (Paracetamol) ဆေးကိုဘဲ ပေးရတယ်။ ချောင်းဆိုးတာအတွက် လိုရင် Fast-acting bronchodilator cough Syrup ချောင်းဆိုးပျောက်ဆေးရည် ပေးတယ်။ Aspirin မပေးဘို့ညွှန်တာလဲရှိတယ်။ ကာရံမသင့်ရင် Reye's syndrome ဆိုတာဖြစ်နိုင်လို့။ ဗီတာမင် (အေ) ကိုလဲ ပေးတာကောင်းတယ်လို့ဆိုနိုင်တယ်။ ကလေးယားတာသက်သာအောင် (အင်တီဟစ်တမင်း) ဆေးလဲ တိုက်နိုင်တယ်။ ဥပမာ Chlorpheniramine (ဘာမီတွန်)၊ Cetrizine (စီထရစဇင်း) ဆေးဖြစ်တယ်။ Calamine lotion ကိုလဲ လိမ်းပေးနိုင်တယ်။
ကာကွယ်ရန်
ဖြစ်နေတဲ့ကလေးကို သည်းခြားထားပါ၊ အခြားကလေးတွေကို ကူးစက်စေမယ်။ MMR vaccine (Measles, Mumps, Rubella) ကို (၁၈) လ အထက်ကလေးတွေကို ထိုးပေးတယ်။ ၄-၅ နှစ်အရွယ် ထပ်ထိုးပါ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကာကွယ်ဆေးကို အသက် ၆ လ နဲ့ ၉ လတွေမှာ တခါစီထိုးတယ်။ MMR ကာကွယ်ဆေးကနေ Autism ခေါ်တဲ့ ကလေးရောဂါ ဆက်ဖြစ်သလား သံသယရှိတာလဲတွေ့ရတယ်။
ဒေါက်တာတင့်ဆွေ