Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ (18+)


တယောက်က မေးထားတာ မနေ့ညက ဖတ်မိတယ်။ ချက်ချင်းမဖြေအားလို့ အခု မေးခွန်းပြန်ရှာတာ မတွေ့သေးဘူး ဖြေလိုက်ပါမယ်။ Freshly expressed milk ကလေးထားခဲ့ပြီး အလုပ်သွားတဲ့ မိခင်နို့ကနေ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့နို့ကို ဘယ်လိုထားသိုမလဲ။ 

• အခန်းတွင်း အပူချိန် (66-72°F, 19-22°C) မှာ ၁ဝ နာရီကြာထားနိုင်တယ်။
• ရေခဲသေတ္ကာထဲမှာ (32-39°F, 0-4°C) ၈ နာရီကြာထားနိုင်တယ်။ ရေခဲသေတ္ကာထဲမှာ နောက်နား ကပ်ထားပါ။
• အခန်းတွင်းအပူချိန်က နွေးနေရင် 80-90°F / 27-32°C ၃-၄ နာရီအထိ၊
• အပူချိန် 61-79°F / 16-26°C မှာ ၄-၈ နာရီ (အကောင်းဆုံးက ၃-၄ နာရီ)၊
• အပူချိန် 59°F / 15°C မှာ ၂၄ နာရီ၊
• အပူချိန် 32-39°F / 0-4°C မှာ ၃-၈ ရက် (အကောင်းဆုံးက ၃ ရက်)၊
• ခဲခန်းနဲ့ ရေခဲသေတ္ကာနဲ့တွဲရှိတဲ့ Freezer compartment ခဲခန်းထဲမှာ ၃ ပါတ်ကြာထားနိုင်တယ်။
• ရေခဲသေတ္ကာနဲ့ တခါးတပေါက်စီရှိတဲ့ Freezer compartment with a separate door ၃-၄ လအထိ။
• သီးသန့် ခဲသေတ္ကာထဲမှာ Self-contained freezer (0°F, -19°C) (<39°F / <4°C) ၆ လအထိထားနိုင်တယ်။
• Frozen and thawed ခဲထားပြီးနို့ကို ပြန်ပျော်စေပြီးနောက် ရေခဲသေတ္ကာထဲမှာ ၂၄ နာရီထားပြီးလဲ သုံးနိုင်တယ်။
• Refrigerated milk အေးနေအောင်ထားသိုတဲ့နို့က Frozen milk ခဲနေအောင်ထားတဲ့နို့ထက် Anti-infective properties ရောဂါပိုးခုခံအား ပိုတယ်။
• ခဲနေအောင် သိုလှောင်ချင်ရင် နို့ကို အရင်ဆုံးအေးနေအောင်လုပ်ပြီးမှ ခဲစေပါ။
• နို့ကို ပျက်စီးအောင်ထားပေမဲ့ အချိန်ကြာလာရင် သတ္ကုနံ့ရမယ်။ ဆပ်ပြာဆန်ဆန်ဖြစ်လာမယ်။ ပျက်စီးသွားတာ မဟုတ်ပါ။ အထဲက အင်ဇိုင်း တချို့ ဓါတ်ပြောင်းသွားလို့ဖြစ်တယ်။ အဲလိုနို့ကို ကလေးတိုက်နိုင်တယ်။ တကယ်လို့ ကလေးက မသောက်ချင်ဘူးဆိုရင် နို့ကိုနွေးပြီးနောက်မှ အေးတာထဲထည့်သိမ်းပါ။
• Microwave မိုက်ခရိုဝေ့ဖ် မသုံးပါနဲ့။
• အပူချိန်မတိုင်းခင် နို့ကို လှုပ်မွှေပေးပါ။
• နို့ကိုနွှေးရင် ပွက်တဲ့အထိ အပူမပေးပါနဲ့။

အမေရိကားမှာ အွန်လိုင်းကနေဝယ်သုံးနေတဲ့ ကလေးတိုက်ဘို့ နို့တွေထဲမှာ ရောဂါပိုးတွေပါနေတယ်။ Much breast milk bought online is contaminated, analysis shows http://www.nbcnews.com/health/75-percent-breast-milk-bought-online-contaminated-analysis-shows-8C11421794

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...