မျက်နှာပြင်ကျယ် စတ်ဖုန်းသစ် Oppo N1


ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် တရုတ် စမတ်ဖုန်း ကုမ္မဏီ Oppo မှ ခြေလှမ်းစတင်လိုက်ပါပြီ။ Oppo N1 လို့ အမည်ရတဲ့ မျက်နှာပြင်ကျယ် စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် ၅.၉ လက်မ တောင်ရှိတာမို့ လက်ရှိ အရွယ်ကြီးဖုန်းစာရင်းတွေထဲမှာ သူ့ထက် ကြီးတာ Samsung Galaxy Mega တို့လောက်ပဲ ရှိပါတော့မယ်။ အရွယ်ကြီးသလို မျက်နှာပြင် Resolution
လည်း ကောင်းပါတယ်။ 1028p အရည်အသွေး ပေးနိုင်ပါတယ်။ ကင်မရာက 13 Megapixel မှာ LED flash ပါဝင်ပြီး သူ့ရဲ့  အထူးခြားဆုံး Feature တစ်ခုက ယင်းကင်မရာကို အရှေ့ သို့ လှည့်ယူနိုင်ခြင်း ဖြစ်ပါတယ်။

RAM 2GB, Snapdragpon S600 processor အစရှိသဖြင့်တို့ကတော့ အခြား အမြင့်ဖုန်း များနဲ့ သိပ် ကွဲပြား မသွားပါဘူး။ Wi-Fi, NFC, gyrpscopce နဲ့ အခြားသော Special Feature များလည်း ပါဝင်ပါသေးတယ်။ အမေရိကန်ဒေါ်လာ ၅၆၈ တန်ဖိုးရှိတာမို့ မြန်မာငွေနဲ့ တွက်ရင် ၅သိန်းခွဲ ဝန်းကျင်ပါ။ ဒီတော့ နောက်ဆုံးထွက် Phablet တွေနဲ့ယှဉ်ရင်ဈေးနှုန်း ပိုက်သာတဲ့အနေအထားမှာ ရှိပါတယ်။ လာမယ့် ဒီဇင်ဘာလက စလို့ ကမ္ဘာအနှံ့ ဖြန့်ချိမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

Ref:pocketlint
Aung Kham ( TSJ Team )

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...