Pack H2O



မသန့်ရှင်းတဲ့ ရေကြောင့် တစ်နှစ်ကို လူပေါင်း ၃.၄မီလီယံ လောက်က သေဆုံး နေရပြီး အများစုက ဖွံဖြိုးဆဲ နိုင်ငံတွေ က ပါ။ အခု ဒါကိုတစ်ဖက် တစ်လမ်းက ကယ်တင် ပေးမယ့် PackH2O ရေသယ်အိတ် လာပါပြီ။

အမြဲတစေ ယုံကြည် စိတ်ချ ရတဲ့ ရေအရင်းအမြစ် ချို့တဲ့ခြင်း၊ သုံးစွဲတဲ့ ရေပုံးကြီး တွေနဲ့ ရေဆွဲပုံး တွေက ရောဂါ ပိုးမွှား မသန့်စင်တာ တွေဟာ ကမ္ဘာပေါ် မှာရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သန်းပေါင်း များစွာသော လူသားတွေ အတွက် ၀မ်းနည်း ဖွယ်ရာ ရေသယ်ယူ ပို့ဆောင်တဲ့ နည်းလမ်းတွေ ဖြစ်နေပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ National Design Awards ပြိုင်ပွဲမှာ လူကြိုက် အများဆုံး ဒီဇိုင်းဆု (People's Design Award) ကိုရရှိခဲ့တဲ့ PackH2O ကတော့ အဲဒီ အချက် တွေကို ပြောင်းလဲ ပစ်ဖို့ ရည်ရွယ် ပါတယ်။ Grief လို့အမည် ရတဲ့ အဖွဲ့ အစည်းက ဒီဇိုင်း ဆွဲခဲ့တဲ့ PackH2O ဟာ လူ့စွမ်းအားကို သိပ်မသုံး ရတဲ့အတွက် သက်သာ အဆင်ပြေ စေပြီးရုံ သာမက ကျား၊မ မရွေး သယ်ဆောင် အသုံးပြု နိုင်တဲ့၊ ထိန်းညှိရ လွယ်ကူတဲ့ ရေသယ်ယူ ကျောပိုးအိတ် အဖြစ် ဖန်တီး ထားပါ တယ်။ အာဖရိကက တချို့လူတွေက ပုံးအကြီး ကြီးတွေကို နဖူးကနေ တဆင့် သိုင်းကြိုး နဲ့ သယ်ဆောင် တာကို မြင်ဖူး မှာပါ။ ခုတော့ အဲ့လို သယ်စရာ မလိုတော့ ပါဘူး။ PackH2O အိတ် အလွတ်ကို ကျောပိုးအိတ် လွယ်သလို လွယ်လိုက်ရုံ သာဖြစ်ပြီး ရေ၂၀လီတာ ၀င်ဆန့် ပါတယ်။



PackH2O မှာပါဝင်တဲ့ အကောင်းဆုံး အချက် ကတော့ နေရာင်ခြည် စွမ်းအင်နဲ့ ရေကို ဘတ်တီးရီးယား ပိုးတွေ သန့်စင် ပေးနိုင်တဲ့ အတွင်း ပလတ်စတစ် ချောင်းတွေ ပါရှိခြင်းပဲ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ရေကြောင့် တစ်နှစ်ကို လူပေါင်း ၃.၄မီလီယံ လောက်က သေဆုံး နေရပြီး အများစုက ဖွံဖြိုးဆဲ နိုင်ငံတွေ ကပါ။ PackH2O ရေသယ် ကျောပိုးအိတ် တွေက ကောင်းမွန်တဲ့ စိတ်ကူး အယူအဆ သက်သက်မျှ မဟုတ် တော့ပဲ လက်တွေ့ အသုံးတည့် နေပါပြီ။ အခုဆို ရေသယ် ကျောပိုးအိတ် အရေအတွက် တစ်သိန်းကျော်ကို NGO အဖွဲ့အစည်း တွေကနေ တစ်ဆင့် ကမ္ဘာပေါ် မှာရှိတဲ့ တိုက်ကြီး ငါးတိုက်ကို ဖြန့်ဝေ ထားပြီး ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လဲ အောက်မှာ ပြထားတဲ့ ယခင် အသုံးပြု နေခဲ့တဲ့ ရေသယ် ယူရေး နည်းလမ်း ဟောင်းနဲ့ PackH2O ရေသယ် ကျောပိုး အိတ်သစ် တို့ရဲ့ပုံကို နှိုင်းယှဉ် ကြည့်ခြင်း ဖြင့် PackH2O ဟာ ယနေ့ ကမ္ဘာ အတွက် ကောင်းမွန် အသုံး တည့်တဲ့ အရာ တစ်ခုကို ဖန်တီးပြီး ဖြစ်တယ် ဆိုတာ လက်ခံ နိုင်မယ်လို့ ယုံကြည် ပါတယ်။


Source and Images from Gizmodo

Author TokiDoki
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...