Samsung Galaxy Y GT-S5360 ကို Android 4.2.2 JellyNoid Custom ROM တင်လို့ ရပြီ!


Samsung Galaxy Y GT-S5360 ကို Android 4.2.2 JellyNoid Custom ROM တင်လို့ ရပြီနော်။ 

သူ့ရဲ့ Features တွေကတော့

Features:

Added new theme and customization options.
Increased RAM.
Secure boot status.
Battery Saving Tweaks for Extended Battery Life.
Camera quality tweaks.
Smart pause toggle in notifications slider.
GPS Configuration tweaks.
Added exposure and jpeg quality to video camera.
Added new Notification which can accessed through Lockscreens.
Easily access the internal system.



Custom ROM လေးကို ဒေါင်းဖို့ကတော့ >>> ဒီနေရာ <<< ကို သွားပါ။ 107.05MB ပဲ ရှိပါတယ်။

ဒေါင်းပြီးရင် ရလာတဲ့ ussrv9_evan_jellynoid.zip ဖိုင်လေးကို SD card အလွတ်ထဲကို ထည့်ပြီး
ဖုန်းထဲ ထည့်ထားပါ။

ROM မတင်ခင်မှာ ဖုန်းရဲ့ Battery က 80% အနည်းဆုံးတော့ ရှိနေရမယ်။

ဖုန်းထဲက အရေးကြီးတဲ့ Data တွေ၊ Contact တွေလည်း Backup လုပ်ထားဦးပေါ့။

Backup လုပ်နည်း မသိပါက >>> ဒီနေရာ <<< ကို သွားပါ။

အားလုံး အဆင်သင့်ဖြစ်ရင် ဖုန်းကို ပါဝါပိတ်၊ ဘတ္ထရီ ၅စက္ကန့်လောက်ဖြုတ်၊ ပြီးရင် ပြန်တပ်ပါ။

Recovery Mode ၀င်ဖို့ အတွက် Home Button (middle button) + Volume Up + Power Button တို့ကို တပြိုင်နက်တည်း တွဲနှိပ်ထားပါ။ Recovery Mode ထဲရောက်ရင် wipe data/factory reset နဲ့ wipe cache partition တို့ကို ရွေးပြီး ဖုန်းကို Factory Reset ချပေးပါ။

choose zip from SD card ကိုရွေးပြီး SD card ထဲက ROM Zip ဖိုင်လေးကို
ရွေးပေးပါ။ Confirm လုပ်ခိုင်းရင် Yes ပေါ့။ ROM တင်ပြီးသွားရင်လည်း လိုအပ်ရင် wipe data/factory reset နဲ့ wipe cache partition တို့ကို ရွေးပြီး ဖုန်းကို Factory Reset ထပ်ချပေးပါ။

Reboot System Now ကို ရွေးပါ။ စက်ပြန်တက်လာရင် Samsung Galaxy Y GT-S5360 လေးက 4.2.2 JellyNoid Custom ROM တင်ပြီးသားဖြစ်သွားပါပြီဗျာ။

မိမိ မကျွမ်းကျင်မှုကြောင့် Firmware ပြန်မတက်တော့ရင် Official Firmware ပြန်ရှာပြီးတင်ပါ။ ROM တင်ခြင်း အကြောင်း သိမှ၊ တင်ဖူးမှ တင်ပါလို့ အကြံပေးပါတယ်ဗျာ။

Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Credits: IT Field Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...