Scientists Invent Light Bulbs that Emit Wi-fi

တရုတ်က သိပ္ပံပညာရှင် အုပ်စု တစ်စုက မီးလုံး တစ်မျိုးကို တီထွင် လိုက်ပါတယ်။ ရိုးရိုး မီးသီး မဟုတ်တဲ့ Wifi လွှင့်ပေး နိုင်တဲ့ မီးသီး တစ်မျိုး ပါ။ Xinhua ကလာတဲ့ သတင်း အရဆို ဒီနည်းပညာကို Li-Fi လို့ခေါ်မှာ ဖြစ်ပြီး စမ်းသပ် ရသလောက်တော့ ကောင်းကောင်း အလုပ်ဖြစ် နေပါ တယ်တဲ့။
Li-Fi bulb ကအခု လက်ရှိ သုံးနေတဲ့ radio waves ကိုမသုံးဘဲ light frequency ကိုအသုံးပြု မှာဖြစ်ပြီး အများဆုံး ကွန်ပြူတာ လေးလုံး အထိ ထားပြီး အသုံးပြု နိုင်မှာပါ။ မီးလုံးထဲမှာ signal ထုတ်နိုင်တဲ့ microchip ပြား တစ်ပြားကို ထည့်သွင်း ထားမှာ နှုန်းအနေ နဲ့ဆို 150 mbps ရှိတာကြောင့် တရုတ်ပြည်က အများစု အသုံးပြု နေတဲ့ ကွန်နက်ရှင် အမြန်နှုန်း ထက် ပိုမြန် ပါတယ်။ နောက်ထပ် ကောင်းတဲ့ အချက် တစ်ချက်က ဈေးနှုန်း သက်သာ တာပါ။ သင့်မှာ မီးသီး တစ်လုံးနဲ့ Li-Fi kit တစ်ခု ရှိရုံ နဲ့တင် အင်တာနက် အသုံးပြု လို့ရနေပြီလေ။ သုတေသီ တွေက ဒီ Li-Fi kit နမူနာ ၁၀ခုကို နောက်လမှာ ကျင်းပမယ့် ကုန်စည်ပြပွဲ တစ်ခုမှာ မိတ်ဆက် ပေးတော့မှာ ဖြစ်ပြီး တိုင်းပြည် အနေနဲ့ ပိုပြီး ကုန်ကျစရိတ် သက်သာတဲ့၊ လက်လှမ်း မီတဲ့ Li-Fi ဘက်ကို ပြောင်းလာ ကြမယ်လို့ မျှော်လင့် ထားကြပါတယ်။ ခုဆို တရုတ်ပြည်က လူတွေက ခေတ်ဟောင်း မီးလုံးတွေ အစား LED မီးသီး တွေကို ပြောင်းလဲ သုံးစွဲ နေလောက် ပါပြီ။ microchip design နဲ့အမြောက် အများ ထုတ်လုပ်ဖို့ အတွက်နဲ့ ပတ်သက်ပြီး ပြင်ဆင် စရာတွေ ရှိနေပေ မယ့်လည်း Li-Fi ကနောင် တစ်ချိန် မှာ ထွန်းကား လာမယ့် နည်းပညာ တစ်ခု ဖြစ်နိုင်တယ် ဆိုတာ ကတော့ ငြင်းမရတဲ့ အချက် တစ်ခုပါပဲ။
Images from CNN, Gizmodo, Source - Gizmodo
Author Arr Luu
MYMC