Ubuntu OS ကို Mac OS X UI ဖြင့် အသုံးပြုခြင်း

အတွဲ (၁၄)၊ အမှတ် (၃၈)


Ubuntu OS အသုံးပြုတဲသူတွေအနေနဲ့ Ubuntu OS ကို Mac OS X User Interface ဖြင့် အသုံးပြုလိုတယ်ဆိုရင် ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် ခက်ခဲတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်စရာမလိုဘဲ အလွယ်တကူနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ Mac OS X UI ကို ထည့်သွင်းအသုံးပြုဖို့အတွက် ပထမဦးဆုံး သင့်ရဲ့ Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ သင့်ရဲ့ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudoapt-get update ဆိုတဲ့ Command နဲ့အရင် Package တွေကို Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Updage ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။ ဒါဆိုရင်တော့ သင့် Ubuntu OS မှာ Package တွေကို Update နဲ့ Upgrade တွေ ပြုလုပ်တဲ့ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

Mac OS X UI ကို Ubuntu ပေါ်မှာ တင်သုံးဖို့အတွက် ပထမဦးဆုံး macbuntu ဆိုတဲ့ tar.gz ဆိုတဲ့ဖိုင်ကို http://goo.gl/SDN4 မှာ သွားရောက်ရယူနိုင်မှာ ဖြစ်ပါတယ်။ Download လုပ်ယူလို့ရတဲ့ tar.gz ဖိုင်ကို Right Click နှိပ်ပြီး Extract Here ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Download လုပ်ထားတဲ့ tar.gz ဆိုတဲ့ File အတွင်းမှ Folder တွေနဲ့ Install.sh ဆိုတဲ့ဖိုင်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ Install.sh ဆိုတဲ့ဖိုင်ကို Double Click နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Runin Terminal ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်Terminal ပွင့်လာမှာဖြစ်ပြီး သင့်ကို ရှေ့ဆက်လုပ်ဆောင်မလား မလုပ်ဘူးလားလို့မေးရင် Y ဆိုတဲ့ Key ကိုနှိပ်ပြီး Yes လုပ်ပေးလိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ In-stall ပြုလုပ်စရာရှိတာတွေကို Terminal ပေါ်မှာ သူ့ဘာသာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ Install လုပ်ဆောင်ချက် ပြီးသွားပြီဆိုရင်တော့ စက်ကို restart ပြုလုပ်ရမှာဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးတဲ့နောက် Boot ပြန်တက်လာပြီဆိုရင် သင့် Ubuntu OS ရဲ့သွင်ပြင်ဟာ Mac OS X ရဲ့ သွင်ပြင်နဲ့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အကယ်၍ OS X ရဲ့သွင်ပြင်ကို မကြိုက်နှစ်သက်တော့လို့ အသုံးမပြုချင်တော့ဘူးဆိုရင် အထက်ဖော်ပြခဲ့တဲ့ Macbuntu ရဲ့ အင်တာနက်စာမျက်နှာမှာ uninstall.sh ဆိုတဲ့ဖိုင်ကို သွားရောက် Download လုပ်ယူပြီး အဲဒီဖိုင်ကို Double Click နှိပ်ကာ ဖွင့်ရမှာဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ Run in Terminal ကိုနှိပ်ပြီး အလွယ်တကူနဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

သီဟ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...