Yeti Descends from Ancient Polar Bear

Yeti လို့လူသိ များတဲ့ နှင်းလူသား (Big Foot) ဆိုတာ ဘာလဲ။ Yeti ဆီကလို့ ယူဆ ထားတဲ့ အမွေး ကို ဗြိတိသျှ မျိုးဗီဇ ပ ညာရှင် တစ်ဦးက မျိုးဗီဇ စစ်ဆေး မှုများ ပြုလုပ် ခဲ့ရာမှ အံ့ဩ ဖွယ်ရာ အချက်တွေ သိရှိလာ ရပါတယ်။
နှင်းလူသား Yeti လို့ခေါ်တဲ့ အအေးပိုင်း ဒေသက လူသားတွေရဲ့ ဆွေမျိုး "Big Foot" ဟာ ဇာတ်ခုံ ပေါ်က မီးရောင် အောက်ထဲ ပြန်လည် ရောက်ရှိ လာပါပြီ။ ဒီတစ်ခါ တော့ ဘာမှန်း မသိတဲ့ လျှို့ဝှက် သည်းဖို ခြေရာ အကြီးကြီးတွေ၊ တုန်နေတဲ့ ဗီဒီယို မှတ်တမ်း တွေကြောင့် မဟုတ် ပါဘူး။ လေးစား ခံရတဲ့ နာမည်ကြီး ဗြိတိသျှ မျိုးဗီဇ ပညာရှင် တစ်ဦး ကြောင့်ပါ။ UK နိုင်ငံ Channel 4 မှမကြာမီ ပြသမယ့် "Big Foot ရဲ့မှတ်တမ်းများ" အသိ ပညာပေး အစီအစဉ်မှာ Oxford တက္ကသိုလ်မှ လူသား မျိုးဗီဇ ပညာရှင် Bryan Sykes ကိုအထူး မိတ်ဆက် ဖော်ပြထား ပါတယ်။ Sykes ကနှင်းလူသား Yeti ဆီကလို့ ယူဆရတဲ့ အမွှေးကို မျိုးဗီဇ စစ်ဆေးမှု သုတေသန ပြုလုပ် ကြည့်ရာ မှာ ရှေးခေတ်က ဝင်ရိုးစွန်း ဝက်ဝံရဲ့ မျိုးဗီဇနဲ့ တူနေတာကို တွေ့ရှိခဲ့ ရကြောင်း အောက်တိုဘာ ၂၀ရက်မှာ စတင် ပြသမယ့် Channel 4 ရဲ့ဒီအစီအစဉ် မပြသမီမှာ ကြိုတင် ထုတ်ပြန် လိုက်ပါတယ်။
စစ်ဆေး ခဲ့တဲ့ အမွှေး နမူနာ နှစ်ပင်ဟာ ဟိမဝန္တာရှိ မတူညီတဲ့ နေရာတွေက ရရှိခဲ့ပြီး နော်ဝေး နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၄၀,၀၀၀ သက် တမ်းရှိ ဝင်ရိုးစွန်း ဝက်ဝံရဲ့ မေးရိုးနဲ့ မျိုးဗီဇချင်း ထပ်တူကျ နေတာကို တွေ့ရှိခဲ့ ရတာပါ။ ဒါဟာ စိတ်လှုပ် ရှားဖွယ် ကောင်းပြီး လုံးဝ ထင် မထား တဲ့ အဖြေ တစ်ခုပါ။ Sykes က ရှေးခေတ်က ဝင်ရိုးစွန်း ဝက်ဝံတွေ သွားလာနေ ကြတုန်းပဲ ဆိုတာကို ယုံကြည်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ရှေးခေတ်က ဝင်ရိုးစွန်း ဝက်ဝံ တွေကနေ ဆင်းသက် လာတဲ့ ခုခေတ် ဝက်ဝံတွေ ရှိနေနိုင် တာကိုတော့ လက်ခံ ပါတယ်။ တစ် ကိုယ်လုံး အမွှေးတွေနဲ့ ဖုံးအုပ် ထားတဲ့ လူ့ဘီလူးကြီး Yeti ရဲ့ဒဏ္ဍာရီ ထက်စာရင် ဒီလို ရှေးဝင်ရိုးစွန်း ဝက်ဝံနဲ့ အမျိုး တော်တယ် ဆိုတာဟာ ပိုပြီး ယုံကြည် လက်ခံ နိုင်ဖွယ် ရှိပါတယ်။
Sykes ဟာကမ္ဘာ တလွှားကနေ ရရှိလာတဲ့ Big Foot တွေဆီက ရယူထားတဲ့ အမွေးနမူနာ တွေကို မျိုးဗီဇ လေ့လာ မယ့် project ကြီးတစ်ခု မှာလည်း ပါဝင် ပတ်သက် နေပြန် ပါတယ်။ နမူနာပေါင်း အခု ၃၀ကို သူစစ်ဆေး ခဲ့တဲ့ တွေ့ရှိမှု ရလဒ်တွေကို အပိုင်း သုံးပိုင်းခွဲ ပြသမယ့် "Big Foot ရဲ့ မှတ်တမ်းများ" အစီ အစဉ်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ မြောက် အမေရိက တိုက်က Big Foot ဆီကရတဲ့ အမွှေး နမူနာ တွေဟာ Star Wars ထဲက ဇာတ်ကောင် Chewbacca ဝတ်တဲ့ အမွေးပွ အဝတ်အစား ပေါ်က အမွေးတွေနဲ့ တကယ် တူပါ့မလား ဆိုတာ ကို ဒီအစီ အစဉ်မှာ စောင့်ကြည့် ရမှာပဲ ဖြစ်ပါ တော့တယ်။
Images from www.nydailynews.com, abcnews, Source - CNET
Author Tornado
MYMC