64-bit Android ဖုန်းများ ထုတ်လုပ်မှု မြင့်တက်လာကြောင်း ARM ပြောကြား

photo:google

32-bit code များပင်လျှင် ARM ၏ 64-bit chip များပေါ်တွင်လျင်မြန်စွာ အလုပ်လုပ်သည့်အတွက် 64-bit ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်မှု တစ်ဟုန်ထိုးမြင့်တက်ကြောင်း ARM မှပြောကြားခဲ့သည်။

ARM ၏ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းမှလက်ထောက် အမှုဆောင်ချုပ်ဖြစ်သူ Tom Lantzsch က ဖုန်းနှင့် tablet ထုတ်လုပ်သူများသည် 64-bit ဒီဇိုင်းများကို အရှိန်အဟုန်မြင့်ပြောင်းလဲ ထုတ်လုပ်လာကြကြောင်း၊ ထို့အတွက် ARM မှအမှုဆောင်များပင်လျှင် အံ့အားသင့်မိကြောင်းဆိုခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် လွန်ခဲ့သည့်ခြောက်လခန့်က Apple ၏ 64-bit A7 ပရိုဆက်ဆာကို မိတ်ဆက်ပေးပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် Lantzch က 64- bit Android ထုတ်ကုန်များဖြန့်ချိမည့် အချိန်နှင့်ပတ်သက်၍ ထင်မြင် ချက်ပေးခဲ့ခြင်း မရှိသော်လည်း Software အားလုံးအနေဖြင့် 64-bit ထုတ်ကုန်များပေါ်တွင် လျင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

-နောင်နောင်
Ref: CNET
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...