မိန်းမတွေနဲ့ ပတ်သက်လာရင် ကံဆိုးတတ်တယ်လို့ ဖွင့်ဟတဲ့ မင်းသွေး



သင်္ကြန်မှာ နေပြည်တော်က ပရိသတ်တွေကို ဖျော်ဖြေရင်း ဖြတ်သန်းခဲ့တဲ့ မင်းသွေးက အခုလတ်တလော မှာတော့ အနုပညာအလုပ်တွေကိုပဲ အားစိုက် လုပ်ဖြစ်နေတယ် လို့ဆိုပါတယ်။ အနုပညာ အလုပ်တွေ အားစိုက် လုပ်ဖြစ်နေတဲ့ မင်းသွေးကို အချစ်ရေး နဲ့ပတ်သက်ပြီး လည်းမေးဖြစ်ပါတယ်။

“ကျွန်တော့် အသက်က ကလေးလည်း မဟုတ်တော့ဘူး။ မိန်းမတွေနဲ့ ပတ်သက်လာရင် ကျွန်တော် ကံဆိုးတတ်တယ် ။ကျောင်းကတည်းကပါ။ တစ်ခါတလေကျရင် လူဆိုတာ အဖြူရှိရင် အမည်းရှိတယ်။ ကျွန်တော်က မိသားစုဘဝက ပို မြတ်နိုးတယ်။ မရှိ အတူ၊ရှိအတူ ဘဝလေးပေါ့။ အခုတော့ လုံးဝ တစ်ယောက် တည်းပါပဲ။ လူတစ်ယောက် နဲ့တစ်ယောက်က ဆုံစည်းဖို့ ဆိုတာက ကံပါမှလေ။ ကျွန်တော့် ဘက်ကတော့ သူငယ်ချင်း ပဲဖြစ်ဖြစ်၊ အပေါင်းအသင်း ပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး လိုအပ်ချက်တွေ နည်းအောင် အကောင်းဆုံး လုပ်ပေးတယ်။ ရည်စားနဲ့ ပြတ်သွားတာ ဆိုတာက ခဏတာဆုံစည်းဖို့ အတွက် ပါလာပြီးသားပေါ့။ အခုလောလော ဆယ်တော့ ခေါင်းထဲမှာ အလုပ်ပဲရှိပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး လုပ် ချင်တာလေးတွေကို ဆက်လုပ်သွားဖို့ ပဲရှိပါတယ်” လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး မင်းသွေးက ပြောပြ ပါတယ်။

မင်းသွေးက ဇာတ်ကားတွေကို ပုံမှန် ရိုက်ကူး သွားမှာဖြစ်ပြီး သည်ခေတ်နေ နဲ Candy Crush ဆိုတဲ့ ဇာတ်ကားလေး ကို ရိုက်ကူးဖို့ စီစဉ်နေတယ် လို့ ပြောပြတာကြောင့် “ဇာတ်ကားက ဂိမ်းတော့ မဟုတ်ပါ ဘူး။ သရုပ်ဆောင် မော်ဒယ် ၄ယောက် ပါမယ်။ ဇာတ်လေးက ဆန်းတယ်။ ပရိသတ်ကို အသစ်လေးပေး ချင်တာပါ။ ဇာတ်မှာ ဝှက်ထားတာလေးလည်း ရှိတယ်။ ဇာတ်ကားတွေကို ကျွန်တော် အရင်က ထက် သေသေချာချာလေး လုပ်သွားမယ်။ ကွာလတီကအစ ပရိသတ်တွေအတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားနေပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...