Android Device ကို Nandroid Backup ပြုလုပ်နည်း



ကွန်ပြူတာ ကို Backup ပြုလုပ်သလိုပဲ Android Device ကို Backup ပြုလုပ်ဖို့ အရေးကြီးပါတယ်။ သင့်ဖုန်း ကို ကြီးကြီးမားမား ပြောင်းလဲမှု ပြုလုပ်တော့မယ်ဆိုရင် Nandroid Backup ပြုလုပ်ထားသင့်ပါတယ်။ ဒါ့အပြင် Third-Party ROM တွေကို စမ်းသပ် အသုံးပြုချင်တဲ့ အခြေအနေမျိုးမှာလည်း Stock ROM ကို Backup လုပ်ထားသင့်ပါတယ်။ Third-Party ROM ကို အင်စတော လုပ်တဲ့အခါမှာ တစ်ခါတစ်လေ မှာ အဆင်မပြေတာ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ Android က လုံးဝ အလုပ်မလုပ်တော့ပါဘူး။ Stock ROM ကို Nandroid Backup ပြုလုပ်ထားခြင်းဖြင့် Android ကို ပြန်အသက်သွင်းနိုင်မှာဖြစ်ပါတယ်။

Nandroid Backup ဆိုတာ ဘာလဲ?
===================

Nandroid Backup က ကွန်ပြူတာမှာ System Image ပြုလုပ်တာ နဲ့ ဆင်တူပါတယ်။ သင့် Android Device ရဲ့ System တစ်ခုလုံး ကို Backup လုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် Nandroid Backup က အခြား ဖိုင်တွေကို ပါ သိမ်းပေးထားနိုင်ပါတယ်။ Operating System , Apps & Data , Pictures, Music, Videos, Messages , Widgets , Ringtones , Login and Account Settings , System Settings , Passwords , WiFi Passwords တွေအားလုံးကို Nandroid Backup က သိမ်းပေးထားမှာဖြစ်ပါတယ်။

နာမည်ကြီး Titanium Backup ကအပေါ်မှာ ဖော်ပြထားတဲ့ အရာတွေ အတော်များများကို သိမ်းပေးနိုင်ပေ မယ့် Operating System ကို သိမ်းပေးနိုင်ခြင်းမရှိပါဘူး။

Nandroid Backup ပြုလုပ်ထားခြင်းဖြင့် သင့် Android Device က အလုပ်ကောင်းကောင်းမလုပ်တော့တဲ့ အခြေအနေ ဒါမှမဟုတ် လုံးဝ အလုပ်မလုပ်တော့တဲ့ အခြေအနေတွေမှာ Nandroid Backup ကို Restore ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေတာ တွေ ပျောက်ဆုံးသွားရင်လည်း ပြန်လည် ရယူနိုင် မှာဖြစ်ပါတယ်။

Nandroid Backup ပြုလုပ်ခြင်း။
=================

Nandroid Backup ပြုလုပ်ဖို့ နည်းလမ်းများစွာရှိပါတယ်။ အကောင်းဆုံးနည်း က Custom Recovery ကို အင်စတော လုပ်ပြီး Nandroid Backup ပြုလုပ်တာဖြစ်ပါတယ်။ Nandroid Backup ပြုလုပ်နိုင်တဲ့ Custom Recovery တိုင်းကို အသုံးပြုနိုင်ပါတယ်။ Nandroid Backup ပြုလုပ်ပေးနိုင်တဲ့ နာမည်ကြီး App နှစ်ခု က CWM နဲ့ TWRP တို့ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ CWM အသုံးပြုနည်းကိုရေးပေးလိုက်ပါတယ်။ TWRP ကိုလည်း ဒီနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။

CWM (ClockworkMod ) ကို အသုံးပြုဖို့ Andorid Device ကို Root လုပ်ထားရပါမယ်။
CWM ကို အောက်ကလင့်ကနေ အင်စတောလုပ်ပါ။

https://play.google.com/store/apps/details?id=com.koushikdutta.rommanager

ROM Manager ကိုဖွင့်ပြီး Main Screen က Flash ClockworkMod Recovery ကို တစ်ချက်နှိပ်ပါ။

ပြီးရင် Phone Model ကို ရွေးပေးရပါမယ်။ သင့်ဖုန်း ကို စာရင်းထဲမှာ မတွေ့ရဘူး ဆိုရင် သင့်ဖုန်း ကို Support ပေးတဲ့ CWM ကို ရှာပြီး အသုံးပြုရမှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက CWM က Support မပေးသေးတဲ့ Android Phone တွေလည်း ရှိပါတယ်။ အဲဒီိလို ဖုန်း မျိုးဆိုရင်တော့ CWM နဲ့ Nandroid Backup လုပ်လို့မရပါဘူး။

ဖုန်း မော်ဒယ် ရွေးပြီးသွားရင် လိုအပ်တာကို CWM က Download လုပ်ပြီး Custom Recovery ကို အင်စတော လုပ်ပါလိမ့်မယ်။ ပြီးရင် ဖုန်း ကို Reboot လုပ်ပါလိမ့်မယ်။ ဒါဆိုရင် Custom Recovery ကို အင်စတော လုပ်ပြီးပါပြီ။

Nandroid Backup ပြုလုပ်ဖို့ Custom Recovery ထဲ ၀င်ရပါမယ်။ ROM Manager ကိုဖွင့်ပြီး Reboot Into Recovery ကိုနှိပ်ပါ။ ဖုန်း က Reboot ဖြစ်သွားပြီး Recovery Mode ထဲ ၀င်သွားပါလိမ့်မယ်။ Volume Key ကို အသုံးပြုပြီး Backup and Restore ကို ရွေးပေးပါ။ Power Button ကို နှိပ်ပါ။

နောက်အဆင့်မှာ Backup ကို ရွေးပြီး Power Button ကိုနှိပ်ပါ။

ဒါဆိုရင် Nandroid Backup ကို သိမ်းဆည်းဖို့ နေရာ လုံလောက်လားဆိုတာ စစ်ဆေးပါလိမ့်မယ်။ နေရာ လုံလောက်ရင် Backup လုပ်ပေးပါလိမ့်မယ်။

Backup လုပ်ပြီးသွားရင် CWM ရဲ့ Home Screen ကို ရောက်သွားပါလိမ့်မယ်။

Nandroid Backup ကို Restore ပြုလုပ်ခြင်း။
========================

သင့်ဖုန်း က အလုပ်ကောင်းကောင်း မလုပ်တော့ရင် ဖြစ်ဖြစ် Third-Party ROM တွေကနေ Stock ROM ကို ပြန်ပြောင်း အသုံးပြုချင်ရင်ဖြစ်ဖြစ် Nandroid Backup ကို Restore ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ အပေါ်က နည်းအတိုင်း CWM ကနေ Recovery Mode ထဲဝင်ရပါမယ်။ သင့်ဖုန်း က လုံးဝ အလုပ်မလုပ်တော့ရင် CWM ကနေ Recovery Mode ထဲ ၀င်လို့ရမှာမဟုတ်ပါဘူး။ အဲဒီအခြေအနေမှာ Recovery Mode ထဲ ၀င်ဖို့ နောက်နည်း တစ်ခု ကို အသုံးပြုရပါမယ်။ သင့်ဖုန်းမော်ဒယ် နဲ့ Recovery Mode ထဲ ၀င်နည်း ကို Google မှာ အလွယ်တကူ ရှာနိုင်ပါတယ်။ Samsung Phone တွေမှာ Volume Up+Home+Power Button သုံးခု ကို တစ်ပြိုင်တည်း နှိပ်ပြီး Recovery Mode ထဲ ၀င်နိုင်ပါတယ်။ Recovery Mode ထဲ ရောက်သွားရင် Backup and Restore ထဲ ၀င်ပါ။ Restore ကိုရွေးပေးပါ။ Nandroid Backup တစ်ခုထက်ပိုသိမ်းထားရင် ဘယ် Backup ကို အသုံးပြုမလဲဆိုတာ မေးပါလိမ့် မယ်။ ရွေး ချယ်ပေးပြီး Restore လုပ်နိုင်ပါတယ်။

Nandroid Backup က Operating System တစ်ခုလုံး ကို Backup လုပ်ပေးနိုင်ပြီး Restore လုပ်ပေးနိုင်တဲ့ အတွက် အလွန်အသုံးဝင်ပါတယ်။ သင့် Android Phone ကို ကြီးကြီးမားမား ပြောင်းလဲ မှု တွေ ပြုလုပ်တော့မယ်ဆိုရင် ဒါမှမဟုတ် Third-Party ROM တွေစမ်းသပ်အသုံးပြုမယ်ဆိုရင် Nandroid Backup ပြုလုပ်ထားသင့်ပါတယ်။

သူရ

Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...