Avril Lavigne ရဲ့ Hello Kitty ဂီတဗီဒီယိုဟာ လူမျိုးရေးခွဲခြားမှု မဟုတ်ကြောင်း ဂျပန်သံရုံးကပြောကြား


Jack the Ripper on 2014-04-26 13:43

Avril Lavigne ရဲ့ ဗုဒ္ဒဟူးနေ့ကထွက်တဲ့ Hello Kitty သီချင်းရဲ့ ဂီတဗီဒီယိုဟာ လူမျိုးရေးခွဲခြားမှု တစ်ခု အဖြစ်ဝေဖန်ခံရမှုများ ကြုံတွေ့ခဲ့ ရတာဖြစ်ပေမယ့် ဂျပန်အာဏာပိုင် အဖွဲ့အစည်းတွေ ဘက်ကတော့ အရေးပါတဲ့ ထောက်ခံမှုတစ်ခု ပြုလုပ်လိုက်ပါပြီ။

ဒီဗီဒီယိုမှာ ဂျပန်ကချေသည်တွေပါဝင်ခဲ့တာဖြစ်ပြီး Avril တစ်ယောက် လူမျိုးရေးခွဲခြားမှုတွေနဲ့ စွပ်စွဲခံခဲ့ရ တာဖြစ်ပါတယ်။ ဒါပေမယ့် Washington, D.C မြို့မှာရှိတဲ့ ဂျပန်သံရုံးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီ့မှာ (ဂျပန်မှာ) ရှိတဲ့လူထုက ဒီဗီဒီယိုမှာ ဘာမှမှားယွင်းတာမရှိဘူးလို့ ယူဆပြီး ဒါဟာ တကယ်တော့ ဂျပန် ယဉ်ကျေးမှုကိုမြှင့်တင်ပေး တာဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။ ကနေဒီယန် အဆိုတော် မလေးဟာ ဒီဗီဒီယိုကို ဖန်တီးစဉ်က ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ TMZ.com ကိုပြောပါ တယ်။

အဲဒီ့ပြောရေးဆိုခွင့်ရှိသူက ‘ဒီဗီဒီယိုအကြောင်းပြောကြတာဟာ ဂျပန်ရဲ့လှပပြီး ကြွယ်ဝတဲ့ ယဉ်ကျေးမှုကို လူတွေပိုမိုသိရှိစေတယ်’ လို့လဲပြောကြားသွားပါတယ်။

Ref:starpulse.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...